မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက “စီမံကိန်းလုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ကွပ်ကဲဆောင်ရွက်နိုင်စေဖို့ မြေပြင်အခြေအနေနဲ့ကိုက်ညီတဲ့ ညွှန်ကြားချက်များ၊ စီမံကိန်း လက်စွဲစာစောင်များအား အချိန်နှင့်တပြေးညီ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် စီမံကိန်းဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရန် MSY MIS Website ထူထောင်ခြင်း၊ စီမံကိန်း မတည်ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေး ကုစားနည်းလမ်းတစ်ခုအနေနဲ့ စီမံကိန်းမတည်ရန်ပုံငွေမှ တိုးပွားလာတဲ့ အတိုးငွေများအနက် ၅% ထည့်ဝင်ရမယ့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆုံးရှုံးမှု စီမံခန့်ခွဲရေးရန်ပုံငွေ Risk Management Fund ထူထောင်နိုင်ရေး ဆောင်ရွက်ခြင်း၊ စီမံကိန်း ရန်ပုံငွေများအား အလွဲသုံးစား မပြုလုပ်နိုင်စေရန် Mobile Financial Payment ဖြင့် ဆောင်ရွက်ခြင်း၊ စီမံကိန်းကျေးရွာများအနက် ၎င်းတို့ကိုယ်တိုင် ရပ်တည်ဆောင်ရွက်နိုင်သည့် ကျေးရွာများကို Exit Strategy ဆောင်ရွက်ခြင်းအား ထိထိရောက်ရောက်ဆောင်ရွက်သွားကြဖို့ လိုအပ်မှာပဲ ဖြစ်ပါကြောင်း၊ မြေပြင်မှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေက ကျေးရွာသူ/သား တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ အတွေ့အကြုံနဲ့ နည်းလမ်းကောင်း များကိုလည်း သင်တန်းသားအချင်းချင်း ဆွေးနွေးမျှဝေသွားကြဖို့၊ MISစနစ်သည် Online စနစ်နဲ့ ဆောင်ရွက်ရတာဖြစ်လို့ စီမံကိန်းအချက်အလက်များ ပြင်ပသို့မရောက်ရှိစေရေး Website တာဝန်ခံများ အနေဖြင့် အထူးဂရုပြုဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။
အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့ထိ လေးရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်