မော်လမြိုင် နိုဝင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့ခနိကျေးရွာရှိ အေးချမ်းအောင်လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးရိတ်သိမ်းမှု အခြေအနေများကို မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ပေါ်ဆန်းရင်စပါးမျိုး စိုက်ဧက ၃၇၅ ဧက၏ ရိတ်သိမ်းနေမှု အခြေအနေများ၊ စပါးအထွက်နှုန်း ကောင်းမွန်စေရေးနှင့် ရိတ်သိမ်းချိန်လွန် အလေအလွင့်နည်းပါးစေရေး ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်