Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဆတ်ခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


12 Nov,2026

မိုင်းဆတ် နိုဝင်ဘာ ၁၁

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ရန်ပုံငွေများဖြင့် ကျေးလက်လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက နိုဝင်ဘာ ၉ ရက်က ကွင်းဆင်း စစ်ဆေးသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ်၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ပိန်းပိတ်တံတားတည်ဆောက်ခြင်းလုပ်ငန်း(ဒုတိယပိုင်း)ကို လည်းကောင်း မယ်ကော်(၁) ကျေးရွာလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

    မိုင်းဆတ်ခရိုင်အတွင်း၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၃၈၆ ဒသမ ၇၉၁ သန်းဖြင့် အရှည်ပေ၁၈၀ အကျယ်၁၈ပေ ပိန်းလိတ်တံတား တည်ဆောက်ခြင်းလုပ်ငန်း(ဒုတိယပိုင်း)၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၂၈၃ ဒသမ ၉ သန်းဖြင့် မယ်ကော်(၁)ကျေးရွာလမ်း အရှည် ၄ဒသမ ၅ဖာလုံ၊အကျယ် ၁၂‌ပေ၊ ဒု ကိုးလက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးပါက ဒေသခံပြည်သူများ ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။

ဇင်မာ (ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်