Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မုံရွာ၊ ဟားခါး၊ ကလေးမြို့များရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ထမ်းများနှင့်တွေ့ဆုံ


22 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဌာနတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံအပေါ် သစ္စာရှိသော ဝန်ထမ်းကောင်းများ ဖြစ်စေရန်၊ လုံခြုံရေးသတိ ကျန်းမာရေးအသိဖြင့် နေထိုင်သွားလာ ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲနှင့် လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့တွင် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင်လည်း ကောင်း မိမိဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကား ပြောကြား၍ အခက်အခဲများ မေးမြန်းညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများ၊ ပြည်နယ်က ပေးအပ်လာသော တာဝန်များကို ကြိုးပမ်းထမ်းဆောင်ကြရန်၊ ဝန်ထမ်း အားလုံး ပါတီနိုင်ငံရေး ကင်းရှင်းရန်၊ မိမိဘဝတိုးတက်ရေးအတွက် စာဖတ်ခြင်းအလေ့အထပြုလုပ် ကြရန်၊ ကျန်းမာရေး ဗဟုသုတများနှင့်အညီ ကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm