Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ခရမ်းမြို့နယ် သမဝါယမလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


18 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကြူတောကျေးရွာသို့ ရောက်ရှိပြီး ပဲတီစိမ်းစိုက် တောင်သူများ၏ စိုက်ခင်းများ ရိတ်သိမ်းနေမှုအခြေအနေ၊ အထွက်နှုန်း တိုးတက်မှု အခြေအနေတို့အား မေးမြန်းလေ့လာ ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြူတောကျေးရွာရှိ ပဲတီစိမ်းစိုက် သမဝါယမ အသင်းသားတောင်သူများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် သမဝါယမဦးစီး ဌာန၊ တိုင်းဦးစီးမှူးက  ပဲတီစိမ်းစိုက် တောင်သူများနှင့် အစုအဖွဲ့များအကြား ဒေသပေါက်ဈေးနှင့် ဝယ်ယူရောင်းချနေမှု၊ ပဲတီစိမ်းစိုက်တောင်သူများသို့ ထုတ်ပေးထားသော မျိုးနှင့် သွင်းအားစုများ အတွက် သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည်ပေးသွင်းမှု တို့အားလည်းကောင်း၊ သမဝါယမ အသင်းအစုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ခရမ်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးရွာများမှ ပဲတီစိမ်း ဝယ်ယူရရှိမှုအား လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ပန်းတိုင်အထွက်နှုန်း ရရှိရန်၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြင့်မား ရန်၊ ကြွေးမြီကင်းစင်သော မိသားစုဘဝကို ပိုင်ဆိုင်ကြရန်အတွက် ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မိမိတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်း များတွင် သမဝါယမအစုအဖွဲ့စနစ်ဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm