Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆောင်းသီးနှံ ပဲတီစိမ်း ရိတ်သိမ်းရောင်းချနေမှုများ ကွင်းဆင်းကြည့်ရှု


17 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၁၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံပဲတီစိမ်း စိုက် ဧက (၂၃၀,၀၀၀) စိုက်ပျိုးလျက်ရှိပြီး သမဝါယမစနစ်ဖြင့် ကဝ၊ ဒိုက်ဦး၊ ညောင်လေးပင်နှင့် ပြည် မြို့နယ်များတွင် စိုက်ဧက (၂၀၄၆၇) ဧက ပူးပေါင်းပါဝင် စိုက်ပျိုးလျက်ရှိသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာသို့ ရောက်ရှိပြီး ပဲတီစိမ်းစိုက်ခင်းများ ရိတ်သိမ်းနေမှုအခြေအနေ၊ ပဲတီစိမ်းစိုက် တောင်သူများနှင့် အစုအဖွဲ့များ အကြား ဒေသပေါက်ဈေးနှင့် ဝယ်ယူရောင်းချနေမှု အခြေအနေ၊ ပဲတီစိမ်းစိုက် တောင်သူများသို့ ထုတ်ပေးထားသော မျိုးနှင့် သွင်းအားစုများအတွက် သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည် ပေးသွင်းမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပဲတီစိမ်းစိုက် သမဝါယမအသင်းသား တောင်သူများနှင့် တွေ့ဆုံ၍ ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးပြီးပါက နွေစပါးစိုက်ပျိုးရေးအတွက် ဆက်လက် ဆောင်ရွက်ကြရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ သီးနှံရောင်းရငွေများ ထဲမှ နိုင်ငံတော်ကချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီး ကြွေးမြီ ကင်းစင်သည့် မိသားစုဘဝကို ရယူကြရေး တိုက်တွန်းမှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ထားသော ကဝမြို့နယ်၊ ကျိုက်ပဒိုင်-တာဝ-ဖလေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁)မိုင် ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့် လမ်းမိုင်များအား ဘဏ္ဍာနှစ်အလိုက် ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm