Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


10 Feb,2023

နေပြည်တော် ဖေဖော်ဝါရီ ၉

          (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ကာ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေ တိုးပွားရေးအတွက် စီမံဆောင်ရွက်ပေးနေကြောင်း၊ မြို့ပြနှင့် ကျေးလက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မျှော်မှန်း ဆောင်ရွက်နေပါကြောင်း၊ ၎င်းလုပ်ငန်းများကို ဝန်ကြီးဌာနရှိ ဦးစီးဌာန()ခုက ပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူများ၏ လိုအပ်ချက်များအတွက် အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ထမင်းနဲထိုးပြိုင်ပွဲသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲမှ စည်းလုံးညီညွတ်မှုနှင့် စုပေါင်းညီညာ အောင်ကြောင်းဖြာဟူသည့် စိတ်ဓာတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်းစိတ်ဓာတ်ကို အခြေခံ၍ နိုင်ငံတော် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှပါဝင်ကာ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ထိရောက်အောင်မြင်ရေးအတွက် တာဝန်ရှိသူအသီးသီး စဉ်ဆက်မပြတ် ကြပ်မတ်ကွက်ကဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားကာ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ပြိုင်ပွဲဝင် အသင်း (၅)သင်း၏ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

          ဆက်လက်၍ ပြိုင်ပွဲတွင် ပထမဆုရရှိသော သမဝါယမဦးစီးဌာနအသင်းကို အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံးအသင်းကို ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရကလည်းကောင်း၊ တတိယဆုရရှိသော အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအသင်းကို ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဒွန်းကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်အသင်းများကို နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ယင်းနေ့မွန်းလွဲပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် များမှ ညွှန်ကြားရေးမှူးများ၊ ယွန်းပညာကောလိပ်၊ ဆောင်ဒါးရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့မှ ကျောင်းအုပ်များက Online စနစ်ဖြင့် တက်ရောက်ကြသည်။

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ  ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာ ပေါများရေးနဲ့ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေးတို့ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့လည်း အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ဖြစ်စေမည်ဆိုတဲ့ ဌာနရဲ့မျှော်မှန်းချက်နဲ့အညီ လုပ်ငန်းတာဝန်များကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မျှော်မှန်းချက်နဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက် သည့်အခါ ပြည်သူလူထု၏ လူနေမှုဘဝ တိုးတက်မြင့်မားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရရှိစေမယ့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်းတွေကို အရည်အသွေး ပြည့်မီစွာ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ နည်းပြအဖြစ် ဆောင်ရွက်မည့် ဝန်ထမ်းတွေကလည်း အရည်အချင်းပြည့်မီဖို့ လိုအပ်တဲ့အတွက် ToT သင်တန်းများ သင်ကြားပေးရမှာဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် လုပ်ငန်းမှတ်ပုံတင်ပေးခြင်းနဲ့ ပြည်သူလူထုအတွက် ဘေးအန္တရာယ် ကင်းရှင်းသော ထုတ်ကုန်များ ဖြစ်လာစေရန် ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းတွေကိုလည်း ဆထက်ထမ်းပိုး ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဟာ ယခင်က သင်တန်းပေးရုံတစ်ခုတည်းကိုသာ ဆောင်ရွက်ပြီး နှစ်အလိုက် သင်တန်းဘယ်နှစ်ကြိမ်၊ သင်တန်းသားဘယ်နှစ်ဦး ဖွင့်လှစ် ဆောင်ရွက် ပေးနိုင်ကြောင်းသာ မှတ်တမ်းထားရှိနိုင်ခဲ့ကြောင်း၊ အမှန်တကယ် လုပ်ငန်းထူထောင်လိုသူများ ကိုသာ စုစည်း၍ သင်တန်းပေးရန်နဲ့ သင်တန်း ပြီးဆုံးပါက လုပ်ငန်းထူထောင်နိုင်အောင် ရင်းနှီးပံ့ပိုး ကူညီပေးရမည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းများ ဖွင့်လှစ် ပို့ချခြင်းအားဖြင့် အစားအသောက်တွေမှာ ထည့်သွင်းအသုံးပြုတဲ့ ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ ဓာတုပစ္စည်းတွေအကြောင်း စနစ်တကျ သိရှိနားလည်စေခြင်း၊ စားသောက်ကုန်မှာ ပါဝင်တဲ့ အာဟာရတန်ဖိုးနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိရှိလာပြီး GHP (Good Hygiene Practice), GMP (Good Manufacturing Practice) နည်းစနစ်များနဲ့အညီ စနစ်တကျ ထုတ်လုပ်လာနိုင်မှာ ဖြစ်ကြောင်း၊ ဒါကြောင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းတွေကိုလည်း တိုင်းဒေသကြီး / ပြည်နယ်တွေမှာ ယခင်နှစ်ကထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် အလေးထား ကြိုးစားဖွင့်လှစ်သွားဖို့ မှာကြားလိုပါကြောင်း၊

          နိဂုံးချုပ်အနေနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများအားလုံး ဝန်ကြီး ဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေအတိုင်း မိမိတို့ကျရာ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ပြည်သူ့ဘဝ တိုးတက် ရေး လူနေမှုအဆင့် မြင့်မားစေရေးအတွက် မိမိတို့တတ်စွမ်းတဲ့ အတတ်ပညာ၊ အသိပညာများကို အသုံးချဆောင်ရွက်ကြရန်နှင့် ပြည်သူ့ဝန်ထမ်းကောင်း ပီသစွာ ပြည်သူ့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက် မည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm