Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ


01 Feb,2023

နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ဝန်ကြီးဌာနများမှ ဌာနကူးပြောင်းရောက်ရှိလာသည့် ဝန်ထမ်းများအား လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသူ/သင်တန်းသား(၁၆)ဦး တက်ရောက်ခဲ့ပါသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအသီးသီးက တစ်ဆင့် တိုးရာထူးနှင့်မဟုတ်ဘဲ ရာထူးတူနှင့် ဌာနလုပ်ငန်းတာဝန်တွေကို စိတ်ဝင်စား၍ ဌာနကူးပြောင်း ရောက်ရှိလာကြတဲ့ ဝန်ထမ်းများအားလုံးကို ဦးစီးဌာနကိုယ်စားလှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ လုပ်ငန်းခွင်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုပေါ်မူတည်ပြီး ရာထူးတိုးမြှင့်ခန့်ထားရေးကို စဉ်းစားပေးမှာဖြစ်တဲ့အတွက် လေ့လာသင်ယူပြီး ကြိုးစားဆောင်ရွက်ပေးသွားကြဖို့ အထူးအလေးအနက်ထား မှာကြားလိုကြောင်း၊ ဌာနရဲ့ မျှော်မှန်းချက်တွေ၊ လုပ်ငန်းတာဝန်တွေ၊ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဌာနရောက်ရောက်ချင်းမှာပဲ သိရှိနားလည်သွားအောင် အခုလို လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို (၃)ရက်ကြာဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ မတူညီတဲ့ ဝန်းကျင်၊ မတူညီတဲ့လူတွေ ပေါင်းစပ် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်တဲ့စိတ်က များစွာအရေး ကြီးကြောင်း၊  ဒီဌာနမှာ မူလတာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဝန်ထမ်းဟောင်းတွေဆီကလည်း သင်ယူသင့်တာတွေကို သင်ယူကြဖို့လိုအပ်ကြောင်း၊ ယခုသင်တန်းက ဆွေးနွေးပို့ချတဲ့အကြောင်းအရာ၊ သိမှတ်စရာဗဟုသုတတွေကို မိမိတို့တာဝန်ကျရာနေရာမှာ ပြန်လည်အသုံးချပြီး အရာရှိငယ်တွေလို ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုကိစ္စရပ်များကို  အလေးအနက်ထားတာဝန်ကျေပွန်စွာ ဆောင်ရွက်ဖို့လည်းလိုအပ်ကြောင်း၊  လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကို ရက်တိုတိုနဲ့ သင်ကြားပေးခြင်းဖြစ်သော်လည်း အမှန်တကယ်တတ်ကျွမ်းသည်အထိ လေ့လာဆည်းပူးသွားကြဖို့နဲ့ သင်တန်း ပြီးဆုံးတဲ့အခါ မိမိတို့တာဝန်ကျရာ နေရာတွေမှာ လက်တွေ့အသုံးချသွားကြဖို့၊ မိမိကိုယ်ကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ ဝန်ထမ်းများအဖြစ်ခံယူပြီး ဤဦးစီးဌာနကြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနား ကိုရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းကို ရုံးချုပ်ရှိ Incubation Centre တွင် သင်တန်းသူ/ သင်တန်း သား(၁၆)ဦးဖြင့် ၁.၂.၂၀၂၃ မှ ၃.၂.၂၀၂၃ ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm