Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇီးကုန်းမြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်က မြေပဲနှင့် နှမ်းများ ကြိတ်ခွဲ ဖြန့်ဖြူး


31 Jan,2023

ဇီးကုန်း၊ ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်သည် မြေပဲ နှင့် နှမ်းဆီများကြိတ်ခွဲကာ နှမ်းတစ်တင်း ကြိတ်ခွဲလျှင် နှမ်းဆီ  ၆.၃၀ ပိဿာ၊ မြေပဲဆံ တစ်ပိဿာ ကြိတ်ခွဲလျှင် မြေပဲဆီ ၃၈ ကျပ်သား ထွက်ရှိသည်။ ဆီစက်အတွက် လိုအပ်သောကုန်ကြမ်းများ ဖြစ်သည့် မြေပဲများကို ပေါင်းတည်ပွဲရုံနှင့် နှမ်းများကို ကြို့ပင်ကောက်မြို့မှ ဝယ်ယူရရှိသည်။ ဆီကြိတ်ခွဲမှု အနေဖြင့် ယခုနှမ်းများ ထွက်ရှိသည့်ကာလတွင် တစ်နေ့လျှင် နှမ်းဆီ ၆၃ ပိဿာခန့် ကြိတ်ခွဲလျက်ရှိသည်။ ဇီးကုန်းမြို့နယ်သမဝါယမ အသင်းစုပိုင်ဆီစက်မှ ထွက်ရှိသည့်ဆီများကို အသင်းသားပြည်သူများအား လက်လီလက်ကား ရောင်းချလျက်ရှိသည့်အပြင်  ဝယ်သူစိတ်ကြိုက် ရရှိနိုင်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm