Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆိုလာအသေးစားဓာတ်အားပေးစနစ် စီမံကိန်းများအတွက် စီမံကိန်းထောက်ပံ့ငွေ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပ


24 Jan,2023

နေပြည်တော် ဇန်နဝါရီ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စိန်တောင်- လှော်ကထားကျေးရွာနှင့် ယင်းဆယ် ကျေးရွာများအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ် (Mini-Grid) (၂၂၄.၄)ကီလိုဝပ် စီမံကိန်း လုပ်ငန်း (၂)ခု အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်၊ ကမ်းတော ကျေးရွာရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်အား Installed Capacity (၁၀၈.၉ ) ကီလိုဝပ်ခန့် ထပ်မံတိုးမြှင့်ဆောင်ရွက်ခြင်းတို့အတွက် စီမံကိန်းထောက်ပံ့ငွေ သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်-(၃၆) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်မည့် ကုမ္ပဏီများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စီမံကိန်းထောက်ပံ့ငွေ သဘောတူစာချုပ်ကို သုံးဦးသုံးဖလှယ် အပြန်အလှန်လက်မှတ်ရေးထိုးကြပါသည်။
ဆိုလာအသေးစား ဓါတ်အားပေးစနစ်လုပ်ငန်းများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ စိန်တောင်- လှော်ကထားကျေးရွာနှင့် ယင်းဆယ် ကျေးရွာများအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ် (Mini-Grid) (၂၂၄.၄)ကီလိုဝပ် စီမံကိန်းကို Pro Engineering ကုမ္ပဏီမှလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာရှိ ဆိုလာအသေးစားဓာတ်အားပေးစနစ်အား Installed Capacity (၁၀၈.၉) ကီလိုဝပ်ခန့် ထပ်မံတိုးမြှင့် ဆောင်ရွက်ခြင်းကို Mega Global Green Autimation ကုမ္ပဏီမှလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
 
 
   
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm