Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားရေး ရက်ကန်းပညာများ စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ


12 Jan,2023

ပခုက္ကူ၊ ဇန်နဝါရီ ၁၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးသော ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကာလတိုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အချိန်အထိ ၆၂ ကြိမ်ရှိပြီဖြစ် ကြောင်း အဆိုပါကျောင်းတာဝန်ရှိသူထံမှသိရသည်။

          မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်နှင့် မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာရပ်များ ဖွင့်လှစ် သင်ကြားပေးခြင်းကြောင့် ကျေးလက်ဒေသရှိ ပြည်သူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်းဝင်ငွေတိုး ပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး၊ တတ်မြောက်ထားသော အတတ်ပညာရပ်များကို မှန်ကန် စွာအသုံးချ၍ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ ရှာဖွေနိုင်ရေးတိုးအတွက် ရည်ရွယ်ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုကပြောသည်။

          သင်တန်းကျောင်းတွင် ချည်မျှင်နှင့် အထည်အလိမ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက် ကန်းပညာရပ် ခြောက်လသင်တန်းများအပြင် အခြေခံစားသောက်ကုန်သင်တန်း၊ တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ရက်ကန်းပညာရပ် ဆိုင်ရာအခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှ စတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲတတ်၊ ချုပ်တတ်သော အဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်း နည်းပါး သော ပြည်သူများကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စာရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက ရက်ကန်းပညာရပ်များ ဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်ရန်၊ သင်တန်းထူးချွန်ဆုရရှိသူများအား ရက်ကန်းစင်တစ်စုံစီ ချီးမြှင့်ပေးခြင်း၊ အခြားစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ပြီးဆုံးသူများ အား သင်တန်းဆင်းလက်မှတ်၊ အထောက်အကူပြုပစ္စည်းနှင့် နည်းပညာပံ့ပိုးကူညီခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျောင်းတွင်သင်တန်းများအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားရရှိစေရန် သက်ဆိုင်ဌာနများနှင့် ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

          အဆိုပါသင်တန်းကျောင်းတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ တိုင်းရင်းသားရိုးရာဂျပ်ခုတ် သင်တန်း၊ စက်ရက်ကန်းသင်တန်း၊ လက်ရက်ကန်းသင်တန်း၊ ဓာတုနှင့် သဘာဝဆိုးဆေးသင်တန်း၊ ဓာတုဆိုးဆေးသင်တန်းများ တစ်ကြိမ်စီ၊ အခြေခံစက်ချုပ်သင်တန်း၊ အထည်ဆေးရေးနည်းနှင့် ပုံရိုက် အခြေခံသင်တန်းများ နှစ်ကြိမ်စီ၊ ဝါးအခြေခံလက်မှုထည်သင်တန်း လေးကြိမ်၊ သဘာဝဆိုးဆေး သင်တန်း ခုနှစ်ကြိမ်၊ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း ခြောက်ကြိမ်၊ သစ်သီးဝလံ အခြေခံ စားသောက်ကုန်သင်တန်း ၁၇ ကြိမ်၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ၁၉ ကြိမ် စသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုကာလတို သင်တန်းများ ၆၂ ကြိမ်အထိ ဖွင့်လှစ်ပြီး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၁၇၃ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

၁၂-၁-၂၀၂၃ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာပါ သတင်းဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm