Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နမ္မတူမြို့နယ် မန်မိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


25 Nov,2022

နမ္မတူ နိုဝင်ဘာ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်မြောက်ပိုင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နမ္မတူမြို့နယ်၊ မန်မိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူ များ၊ ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ နမ္မတူမြို့နယ်၊ မန်မိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်‌နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

မန်မိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု မြေနီ ကျောက်စရစ် ခင်းခြင်းလုပ်ငန်းနှင့်  Box Culvert သုံးစင်း၊ Slab Culvert တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေကျပ် ၇၆ ဒသမ ၉၄ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက အောက်တိုဘာလ ဒုတိယအပတ်မှ စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးပါက  ကျေးရွာရှိ အိမ်ခြေ ၁၁၁ အိမ်၊ လူဦးရေ ၇၀ ဦးတို့၏ စိုက်ပျိုးမြေဧက ၃၁၇ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းထံမှ သိရသည်။

နီလာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm