Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပထမ(၆)လပတ် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


26 Oct,2022

နေပြည်တော် အောက်တိုဘာ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်း အစည်းဝေးကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ် ၁၆ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများ လူနေမှုအဆင့် အတန်းမြင့်မားလာရေးနဲ့ ကျေးလက်စီးပွားရေးမြင့်မားလာစေရေး ရည်ရွယ်ပြီး SMART Village စီမံကိန်းကို ဒီနှစ်မှာ မြို့နယ်(၄၂)မြို့နယ်ရှိ ကျေးရွာ(၄၄)ရွာမှာ တိုးချဲ့ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကဏ္ဍ (၆)ခုမှာပါဝင်တဲ့ အသင်းအဖွဲ့ခိုင်မာမှုနဲ့ နည်းပညာ ဖြန့်ဖြူးမှု၊ သင်တန်းပေးမှု တွေဟာ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနဲ့ ချိတ်ဆက် နေရမှာဖြစ်သလို ငွေကြေးဝန်ဆောင်မှုနဲ့ အခြေခံအဆောက်အအုံတို့ ဆောင်ရွက်ရမှာလည်း ကျေးလက်ကုန်ထုတ်စွမ်းအားမြင့်မားရေးကို အထောက်အပံ့ ဖြစ်စေတဲ့ လုပ်ငန်းမျိုးသာ ရွေးချယ်ဆောင်ရွက်သွားကြဖို့ အထူးလိုအပ်မှာပဲ ဖြစ်ပါကြောင်း၊ ဒါမှသာ ကျေးလက်ကုန်ထုတ်လုပ်ငန်းတွေကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို ကျေးလက်ပြည်သူများမိသားစုဝင်ငွေတိုးပွားစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေခြင်းမှတဆင့် ဒေသထွက်ကုန်အပေါ် အခြေခံတဲ့ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေမှာဖြစ်သလို စီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့်လည်း မိမိတို့ ဝန်ကြီးဌာန၊ ဦးစီးဌာနရဲ့ ရည်မှန်းချက် ပြည့်မီစေရေးသာမက ကျေးလက်ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ ထိရောက် စေမယ့် စီမံကိန်းဖြစ်တာကြောင့် အထူးအလေးပေးဆောင်ရွက်သွားကြဖို့ မှာကြား လိုပါကြောင်း၊ ဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိတဲ့ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)၊ Cash for Work စီမံကိန်း များဟာ ကျေးလက်နေပြည်သူများ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် အဓိကအရေးပါတဲ့ လုပ်ငန်းဖြစ်ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးစီမံကိန်း၊ ကျေးလက် အသက်မွေးဝမ်းကျောင်းသင်တန်းများဟာလည်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွား ရေးနဲ့ ကျေးလက်စီးပွားမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်တာဖြစ်လို့ ပိုမိုအောင်မြင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ချစေရေးနဲ့ ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးကိစ္စရပ်များကို မိမိတို့ဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်နေတာဖြစ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနဲ့ မျိုးစေ့အပါအဝင် သွင်းအားစုများဝယ်ယူရန်၊ စိုက်ပျိုးရေးအသုံးစရိတ်များရရှိရန်အတွက် မြစိမ်းရောင် စီမံကိန်းဆောင်ရွက်ပေးခြင်း၊ ဆိုလာ ရေတင်စနစ်ဆောင်ရွက်ခြင်း၊ ကုန်ထုတ်လမ်း တံတားများ ဖော်ဆောင်ခြင်းတို့ကို သတ်မှတ်စည်းကမ်းချက်များ၊ စံချိန်စံညွှန်းများ ပြည့်မီစွာ ဆောင်ကြဖို့  တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ် ကြီးကြပ်ကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်များ ပြည့်မီစေရေးအတွက် ဦးစီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက် နိုင်မယ့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ရေးဆွဲဖော်ထုတ်ပြီး ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက် စီးပွားရေးနဲ့ ကုန်ထုတ်လုပ်မှု၊ သွင်းအားစုများထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပေးရန် အခြေအနေ ကောင်းများ ရရှိပြီးဖြစ်တာကြောင့် ဦးစီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အပါအဝင် ဖွံ့ဖြိုးမှုအားနည်းတဲ့ ဒေသများမှာ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ် လုပ်နိုင်ရေး၊ မွေးမြူရေး လုပ်ငန်းများကို စီးပွားဖြစ်မွေးမြူနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ပေးသွားဖို့နဲ့ ဆက်စပ်ဝန်ကြီးဌာနများနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊ စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဦးစီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်တဲ့အပြင် ပြည်သူပါဝင်မှသာ အောင်မြင်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူပူးပေါင်းပါဝင်မှုရအောင် စည်းရုံးလှုံ့ဆော်ပေးကြဖို့ လိုအပ်ပါကြောင်း၊  ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာတွင်လည်း တင်ဒါလုပ်ငန်းစဉ် များကို သတ်မှတ်အချိန်အတွင်း ပြီးစီးရေးဆောင်ရွက်သွားရန်နဲ့ မိမိသက်ဆိုင်ရာအစိုးရအဖွဲ့တွေကို လုပ်ငန်းတွေရဲ့ခွင့်ပြုချက်ရရှိအောင် တင်ပြထားတဲ့အခါမှာလည်း ခွင့်ပြုချက်မြန်မြန် ရရှိရေး ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။ ဒါ့အပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လျာထား လုပ်ငန်းတွေကို သတ်မှတ်အချိန်အတွင်း အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် ဦးစီးဌာန ဝန်ထမ်းများအနေနဲ့ မိမိတို့တာဝန်ယူရတဲ့ဒေသများမှာ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေး၊ စိတ်ဓာတ်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးစေရေးတို့အတွက် စိတ်စေတနာအပြည့်ဖြင့် လုပ်ငန်း တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ ဦးစီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များနဲ့ ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ဌာနတွင်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားပါသည်။

         ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ယခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ အားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

         ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့်  စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြင့်မားရေးစီးမံကိန်းဖြင့် ဆောင်ရွက် နေသော Contract Farming စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့အား ကျေးရွာများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

         ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် လုပ်ငန်းပြီးစီးမှု၊ ရန်ပုံငွေသုံးစွဲမှု၊ M&E စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးမှု အခြေအနေများ သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ် ဆောင်ရွက်နေမှုအခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေး တင်ပြကြပါသည်။

         ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း လမ်းညွှန်မှာကြားချက်များအား အမြန်ဆုံးပြီးမြောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း) ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ပထဆုရရှိသည့်  ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးတို့အား လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ဒုတိယဆုရရှိရသည့် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်ဦးစီးမှူးတို့အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များ အသီးသီးပေးအပ်ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများသည် ရုံးအမှတ်(၃၆)ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန စားရိပ်သာတွင် ဝန်ထမ်းများနှင့်တွေ့ဆုံကာ  လုပ်ငန်းခွင်ပျော်ရွှင်ရေး၊ ဝန်ထမ်းသက်သာ ချောင်ချိရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပြီးနောက် နေ့လည်စာကို  လက်ရေတပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm