Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


12 Oct,2022

နေပြည်တော်၊ အောက်တိုဘာ ၁၂

အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၀၉:၃၀)နာရီတွင် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများ၊  သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်က အမှာစကား ပြောကြားရာတွင် သင်တန်းသားများအနေဖြင့်  လုပ်ငန်းခွင်ဝင်ရင်း သင်တန်းတက်ရောက်ရခြင်း ဖြစ်သည့်အတွက် သေချာလေ့လာကြရန်လိုကြောင်း၊ ယခုသင်တန်းတွင် သင်ကြားမည့်သမဝါယမလုပ်ငန်းများနှင့် သက်ဆိုင်သည့်ဘာသာရပ်များသည် တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ပြန်လည်အသုံးချရန် လိုအပ်မှာဖြစ်သည့်အတွက် သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊  ဘာသာရပ်အလိုက် စာမေးပွဲများ ဖြေဆိုရမှာဖြစ်ပြီး အထူးအလေးထားသင်ယူကြရန် ပြောကြားခဲ့သည်။

အမှုထမ်းများအခြေခံရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို (၁၂-၁၀-၂၀၂၂)မှ (၂၇-၁၀-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၃၅)ဦးဖြင့် နံနက် (၀၉:၃၀) နာရီမှ ‌ညနေ(၁၆:၁၀)နာရီထိ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ လက်အောက်ရှိ ဌာနစုများမှ အငယ်တန်းစာရေးဝန်ထမ်းသစ်များ တက်ရောက်ကြောင်း သိရသည်။

 

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm