Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေသန့်များဖြန့်ဝေပေးလျက်ရှိ


09 Apr,2025

မန္တလေးတိုင်းဒေသကြီးအတွင်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေသန့်များဖြန့်ဝေပေးလျက်ရှိ

မန္တလေး ဧပြီ ၉

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက မန္တလေးတိုင်းဒေသကြီးအတွင်း မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေသန့်များဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာန တာဝန် ရှိသူထံမှ သိရသည်။ 

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူများအား လတ်တလော သောက်သုံးရေများ အဆင်ပြေစေရေး အတွက် တစ်နာရီလျှင် သောက်သုံးရေသန့် ဂါလန် ၈၀၀ ဆံ့ သန့်စင်ပေးနိုင်သည့် ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကား နှစ်စီးဖြင့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီး မြို့နယ်တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား သောက်သုံးရေသန့်များဖြန့်ဝေ ပေးလျက်ရှိရာ ယနေ့အထိ သောက်သုံး ရေဂါလန်ပေါင်း (၆၀၀၀၀)ကျော်ဖြန့်ဝေပေးပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး သောက်သုံးရေလိုအပ်သည့် နေရာများအား ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း၊  ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာပိုင် စက်ရေတွင်းများအား အမြန်ဆုံး ပြန်လည် အသုံးပြုနိုင်ရေး လိုအပ်သည့် ပြင်ဆင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ငလျင်ဒဏ်သင့် ပြည်သူများအနေဖြင့် သောက်သုံးရေများလိုအပ်ပါက နီးစပ်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း ဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင် ပြောပြချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချမ်းအေးသာစံမြို့နယ် မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်း၊ အမရပူရမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်လေးရက်ကွက်နှင့်ကျေးရွာ ခြောက်ရွာ၊ စဉ့်ကိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် လေးရက်ကွက်နှင့် ကျေးရွာ ၁၃ ရွာ၊ ကျောက်ဆည်မြို့နယ်ရှိ ကျောက်ဆည် တက္ကသိုလ်၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်၊ မြို့နယ်ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်နှင့် ကျေးရွာသုံးရွာ၊ ပုသိမ်ကြီးမြို့နယ်ရှိ လေးကျေးရွာ၊ စုစုပေါင်း မြို့ပေါ်ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာ ၂၆ ရွာ၊ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း၊ တက္ကသိုလ် နှစ်ခုတို့အား   သောက်သုံးရေသန့် ဂါလန်ပေါင်း ၆၀၄၈၀ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်းသိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်