Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နွေစပါးစိုက်ပျိုးသောသမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်


04 Feb,2025

ဖြူး ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြု့နယ်၌ နိုင်ငံ့စီးပွားရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများပေးအပ်ပွဲကို လူငယ့်အားမာန်သမဝါယမ အသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့် အသင်းသားတောင်သူများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအေးကိုတင့်က အမှာစကား‌ပြောကြား ခဲ့ပြီး နွေစပါးတစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနူန်းဖြင့် ညီမျှသောသွင်းအားစုများကို သမဝါယမအသင်း သားများသို့ ပေးအပ်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသော လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းက စိုက်ဧက ၁၂၅ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်