Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ်(မန္တလေး)၌ မီးဘေးလုံခြုံရေး၊ အသိပညာပေးရေးနှင့် လက်တွေ့မီးငြှိမ်းသတ်မှုများ ဆောင်ရွက်


04 Feb,2025

ပုသိမ်ကြီး ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီး အရာရှိနှင့် တပ်ဖွဲ့ဝင်များသည် သမဝါယမကောလိပ်(မန္တလေး)တွင် မီးဘေးလုံခြုံရေး စစ်ဆေး ခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၃၁ ရက်က အဆိုပါကောလိပ်အတွင်း ဆောင်ရွက်ရာ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေး၊ ဒုတိယကျောင်းအုပ်ကြီး ဦးတင်မြင့်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ ကြသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မှုဖြစ်စဥ်များ၊ သဘာဝဘေး၊ တောမီး၊ EV(ကား) မီးလောင်မှုများအကြောင်း စသည်တို့အား အသိပညာပေး ဟောပြောခဲ့ပြီး၊ မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဂက်(စ်)မီး၊ ဆီမီးတို့ကို လက်တွေ့ငြှိမ်းသတ်ခြင်း များပြသပေးခဲ့ပြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပါဝင်စမ်းသပ်မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်စေခဲ့ပြီး၊ ကောလိပ်ကျောင်းအတွင်းရှိ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်