Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူ (၂၃၃၉) ဦးမှ ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုး


31 Jan,2025

ကျောက်ဆည် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ စိုက်ပျိုး ကြကြောင်းနှင့် အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူ (၂၃၃၉) ဦးက ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ထိုသို့ ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးရာတွင် ရွှေဝါမြေ၊ ကျီးအိပ်၊ ဒွေးလှ၊ ရွှေဆူးလေ၊ ကျားကာ၊ ကလေး၊ ဖျောက်ဆိပ်ပင်၊ ပဲခင်း၊ သင်ပျို၊ ရန်ဘက်လို၊ ပန်းဝတ်ရည်၊ ဘုံကွင်း၊ ရွှေဒါး၊ အရှေ့ငယ်တိုး၊ မှိုင်းပန်လယ်ယာမြေနှင့် အထွေထွေသမဝါယမအသင်းသား/ အသင်းသူ (၅၄၉) ဦးမှ (၂၁၃၆) ဧက၊ ရတနာမွန်၊ ရောင်နီဦး၊ ပန်းခွာ၊ ဆယ်သိန်း၊ အောင်ဇေယျ၊ ပနံ၊ ဒါန်းတိုင်၊ မြင်စိုင်း၊ သုခ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသင်းသား/ အသင်းသူတောင်သူ (၃၄၄) ဦးမှ (၁၃၂၂) ဦး၊ ရွာတော်၊ ငါးလုံကုန်း၊ ညောင်ပင်ဇောက်၊ ဇရပ်ဖြူ၊ ငါးဆူ၊ ငွေပန်းကုန်း၊ ညောင်ဝန်း၊ မြင်းတွင်း၊ ပတ္တာ၊ မြင်းချီနိုင်၊ မြင်းကဘက်၊ လက်ပံဇင်၊ ပေါင်လောင်လေး၊ ရွှေပေါက်ပင်၊ သံ-နောက်၊ ကင်း၊ တောင်တော်၊ မြေစိုမိုးကောင်း၊ လယ်ကြီး၊ တောတွင်၊ စိုက်မလန်း၊ ကိုးပင်၊ ရဲမအူ၊ ရွှေညောင်၊ န-ရွာနန်း၊ လက်ပံပင်၊ စွမ်းရည်၊ ရွှေအင်း၊ အင်ရောင်း၊ စပါယ်တော၊ ကောင်းတင်၊ စင်းကွန်း၊ ရွာသစ်၊ ရဲရွာ၊ ရှမ်းတောင်ဦး၊ ချောင်းဆုံ၊ ရဲဘော်ကြီး၊ ရေကြည်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသား/ အသင်းသူ (၁၄၄၆) ဦးမှ (၈၇၈၄) ဧက၊ စုစုပေါင်းတောင်သူ (၂၃၃၉) ဧက ဆောင်းနေကြာ (၈၇၈၄) ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

နေကြာစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နေကြာသီးနှံစိုက်ပျိုးရာ တွင် ခက်ခဲမှုမရှိစေရေး မြို့နယ်သမဝါယမဦးစီး ဌာနမှ နေကြာ (၁) ဧကအတွက် ငွေကျပ် (၂) သိန်းနှင့် ညီမျှသော သွင်းအားစုများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်