နေပြည်တော်၊ ဇန်နဝါရီလ(၃၀)
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ စက်မှုဖွံ့ဖြိုးရေးဌာနခွဲမှ Incubationသင်တန်းခန်းမ၌ (၃၀.၁.၂၀၂၅)ရက်နေ့၊ နေ့လည်(၃:၀၀) နာရီအချိန်တွင် “လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား” ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြသည်။
ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားရေးအတွက် Vocational Training သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ အရည်အချင်းပြည့်ဝသည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန် ဆင့်ပွားသင်တန်း(TOT)များကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း ၊ ယနေ့နိုင်ငံ တကာမှာ အသုံးပြုနေကြသည့် အဆောက်အဦတည်ဆောက်ခြင်း၊ သံမဏိဘောင်များ၊ တံတားများ တည်ဆောက်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ခြင်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ စက်ပစ္စည်းအစိတ်အပိုင်း ပြန်လည်ပြင်ဆင်ခြင်းများ၊ သင်္ဘောကိုယ်ထည် တည်ဆောက်ခြင်း၊ ပင်လယ်ပြင်အတွင်း ရေနံတူးစင်များ၊ ဆိပ်ကမ်းနှင့် ပင်လယ်ပြင်ဆိုင်ရာ အခြား တည်ဆောက်မှုလုပ်ငန်းများမှာ သံဂဟေဆက်နည်းပညာဘာသာရပ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာမှုအပေါ် ဌာနအနေဖြင့်လည်း (TOT)သင်တန်းများ ဖွင်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းအား ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ရုံး များမှ ဝန်ထမ်းအသစ်များအား အရည်အချင်းပြည့်ဝသည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စာတွေ့/လက်တွေ့အနေဖြင့် ဂဟေဆက်ခြင်းဆိုင်ရာ သဘောတရားများ၊ သံဂဟေဆက်နည်းအမျိုးအစားများ၊ ဂဟေဆက်ခြင်းလုပ်ငန်းမှာ အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာများအကြောင်း၊ ဂဟေဆက်ခြင်းဆိုင်ရာ လုံခြုံရေးနှင့်ကျန်းမာရေး အချက် အလက်များ ၊ ချို့ယွင်းချက်များနှင့် ကာကွယ်နည်းများ၊ သတ္တုဗေဒအခြေခံ၊ အပူချိန်နှင့် ဂဟေဆက် ခြင်းအပေါ် သက်ရောက်မှု၊ ဂဟေဆက်ခြင်းတွင် အသုံးပြုသော ဓါတ်ငွေ့များအကြောင်း၊ ဂဟေချောင်း ရွေးချယ်နည်း၊ အားသာချက်/အားနည်းချက်များ၊ တိုင်းတာနည်း၊ တွက်ချက်နည်းများကိုပါ သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ Incubationသင်တန်းခန်းမ၌ သင်တန်းသား (၁၂)ဦးဖြင့် (၃၀.၁.၂၀၂၅) ရက် နေ့မှ (၁၃.၂.၂၀၂၅)ရက်နေ့အထိ (၁၅)ရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်