ထားဝယ် ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
ကျေးလက်နေပြည်သူများအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သပြေချောင်းကျေးရွာ တပ်နယ်ပတ်လမ်းတွင် ကျန်ရှိနေသော ကတ္တရာလမ်းပျက်အတွင်း လိုအပ်သော နေရာများတွင် ကတ္တရာခင်းခြင်းနှင့် ရေပိတ်လွှာလောင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သပြေချောင်းကျေးရွာ တပ်နယ်ပတ်လမ်းတွင် ကျန်ရှိနေသော ပျက်စီးနေသည့် လမ်းမျက်နှာပြင်၏ လမ်းအနိမ့်အမြင့်ဖြေညှိပြီး ကတ္တရာခင်းခြင်း ရေပိတ်လွှာနှစ်ထပ်လောင်းခြင်းကို ထားဝယ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုကို ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်