Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့နယ် ပုန်းထွန်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုစစ်ဆေး


24 Jan,2025

လင်းခေး ဇန်နဝါရီ ၂၃

     လင်းခေးခရိုင်ကွပ်ကဲမှုလက်အောက်ရှိ လင်းခေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပုန်းထွန်ကျေးရွာအဝင်လမ်းကို လမ်းအရှည် ၆ ဒသမ ၁၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၁၅ လက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဝင်းကျော်မျိုး၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးရာ လင်းခေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်က လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစွာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

          အဆိုပါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း (မူလ)ခွင့်ပြုရန်ပုံငွေကျပ် ၃၀၄ ဒသမ ၅၀၈ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မောင်ခိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်