Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးနဲမြို့နယ် ပန်အူ - စက်တော်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


24 Jan,2025

မိုးနဲ ဇန်နဝါရီ ၂၃

            ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နားခံကျေးရွာအုပ်စု ပန်အူ-စက်တော်လမ်း မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇန်နဝါရီ ၂၂ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

            ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဝင်းကျော်မျိုးနှင့် တာဝန်ရှိသူများက ပန်အူ-စက်တော် လမ်း မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လင်းခေးခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဆွေဆွေနွယ်က လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။

            အဆိုပါ ပန်အူ-စက်တော်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေ ပထမလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံ၊ ဒုတိယလမ်းပိုင်း ၆ ဒသမ ၅ ဖာလုံ စုစုပေါင်း ၁ မိုင် ၅ ဖာလုံကို ၅ လမ်းပိုင်းတစ်ခုစီအတွက် ငွေကျပ် ၁၁၇ ဒသမ ၁၁၇ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီတို့က ၁၆ ပေအကျယ် ၆ လက်မဒုကို မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်