Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး


24 Jan,2025

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

တောင်တွင်းကြီး ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပျဉ်းမကြီးကျေးရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက် ပြီးစီးမှုအခြေ အနေများကို  မင်းဘူးခရိုင်မှ တာဝန်ပေးအပ်မှုအရ မြေပြင်တွင်သတ်မှတ်ချက်နှင့် ကိုက်ညီစွာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဇန်နဝါရီလ လ ၂၄ ရက် နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ၊  တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်နှင့်အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ချောင်းနက်ကျေးရွာအုပ်စု၊ပျဉ်းမကြီးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
   ပျဉ်းမကြီးကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၆ဖာလုံ၊အကျယ်၁၂ပေ၊အမြင့်ကျောက်ရောမြေ နှစ်ပေ နှင့် မြေနီကျောက်စရစ်ကိုးလက်မအတိုင်းအတာ ရှိ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကိုပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၇၆ဒသမ ၉သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိအင်ဂျင်နီယာစုဖွဲ့မှုဖြင့် ၂၀၂၄ ခုနှစ်မေလ ၁၇ ရက်နေ့မှ စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး  ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သဖြင့် အဆိုပါကျေးရွာရှိ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၀၉၇ဦးတို့၏ အကျိုးပြုလယ်ယာ ၅၀၀ဧကတို့မှ ထုတ်ကုန်၊ထွက်ကုန်များ စျေးကွက်သို့  ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်မီ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး ခင်မောင်ကျော် ထံမှ  သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်