Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်ချောလမ်း လမ်းခင်းခြင်းလုပ်ငန်း တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


23 Jan,2025

လဲချား ဇန်နဝါရီ ၂၂

            လဲချားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်- ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဝင်းကျော်မျိုး၊ စီမံကိန်းစစ်ဆေး ရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်မိုးဝင်းနှင့် တာဝန်ရှိသူများသည် လဲချား-. ဆီကုန်း - ဝမ်ဝေါင် - နားမန်း - ဟတ်လိလမ်းအား မြေမှ ကျောက်လမ်းသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လမ်းအရှည် ၆ ဖာလုံ၊ အကျယ် ၁၆ ပေ ၊ ၁၄ လက်မထုရှိ ကျောက်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လွိုင်လင်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်သက်နိုင်က သတ်မှတ်ထားသော လမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ချိုထွေး(လဲချား)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်