သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၌ (၁၆.၁.၂၀၂၅) ရက်နေ့ နေ့လည်ပိုင်း (၁၂း၃၀) နာရီတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ဒုတိယပိုင်း အခမ်းအနားကို ဘွဲနှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် First Year မောင်သစ်လွင် (Fresher King) မယ်သစ်လွင် (Fresher Queen) နှင့် People Choice Boy and Girl များကို တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ နှင့် မိတ်ဆက်ခြင်း၊ မဲပေးခြင်း၊ ဖျော်ဖြေရေးအဖွဲ့များ က အဆိုအက အလှများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် First Year မောင်သစ်လွင် (Fresher King) မယ်သစ်လွင်(Fresher Queen) နှင့် People Choice Boy and Girl များကို ရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင် (Fresher King) ရရှိသူအား စလွယ်နှင့် အမှတ်တရ လက်ဆောင်ကို လည်းကောင်း၊ မယ်သစ်လွင်(Fresher Queen)ရရှိသူအား စလွယ် စတား သရဖူ နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ People Choice Boy ရရှိသူအား စလွယ်နှင့် အမှတ်တရလက်ဆောင်ကို လည်းကောင်း၊ People Choice Girl ရရှိသူအား စလွယ်၊ စတားသရဖူနှင့် အမှတ်တရလက်ဆောင်တို့ကို ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါက်တာဥမ္မာစံနှင့် ပါမောက္ခ(ဌာနမှူး)များမှ အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့ကြကာ ဒုတိယပိုင်း အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်