နေပြည်တော် ဇန်နဝါရီ ၁၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် အတွင်း သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်၊ ကမ်းနီးငါးဇုံရှိ F.O.B စစ်ဆေးရေးစခန်းသို့သွားရောက်ပြီး ငါးဖမ်းစက်လှေများ နှင့် ပို့ကုန်/သွင်းကုန်တင်သွင်းရာတွင် စစ်ဆေးရေးအဖွဲ့များမှ ချက်ပွိုင့်စစ်ဆေးဆောင်ရွက်နေမှုအား လည်းကောင်း၊ သမဝါယမအသင်းရုံးအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးနောက် ကော့သောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်း အမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက နှစ်အလိုက် ပို့ကုန်/သွင်းကုန်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပို့ကုန်/သွင်းကုန်လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျကြတ်မတ်ဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပတ်သက်၍ ကူညီပံ့ပိုးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ဆက်လက်ကူညီပံ့ပိုး ဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အသင်းအမှုဆောင်များ၊ အသင်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေတ်မီစံပြ ကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကော့သောင်းမြို့နယ် စိုင်ဒင်း ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက စိုင်ဒင်း ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း (Smart Village)၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးစီမံကိန်း(RBF)နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)များဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စိုင်ဒင်းကျေးရွာအား ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိကကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများ အနေဖြင့် ယခုလို နိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံလာရောက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက် ပေးသည့် အချိန်တွင် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဖြည့်စွက် မှာကြားပြီးနောက် ကျေးရွာတောင်သူများ၏တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာအတွင်း စီမံကိန်းရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမ၊ ကျေးရွာစာကြည့်တိုက်၊ ကျေးရွာရေရရှိရေးအတွက် လက်တူးတွင်းကျယ်နှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားလည်းကောင်း၊ ထိုက်အောင်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းလီမိတက်၏ သမဝါယမ(စံပြဈေး)အားလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အပ်ချုပ်စက်သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ စံပယ်အပ်ချုပ်ဆိုင်အားလည်းကောင်း ကြည့်ရှုအားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး တစ်ဦးတစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည့် အဆင့်မြင့်သင်တန်းများအား ထပ်မံဖွင်လှစ်ပို့ချ ပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ချုပ် နှင့်အဖွဲ့သည် ကော့သောင်း မြို့နယ်၊ ၈ မိုင်ကျေးရွာသို့ သွားရောက်ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သည့် သံဂဟေဆက်သင်တန်းဆင်းသူများအနက်မှ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသူများ၏ သံဂဟေဆက်လုပ်ငန်းများအား ကြည့်ရှုအားပေးပြီးနောက် ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစု ဝင်ငွေတိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီး များ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေး ဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက် လုပ်ကိုင်နိုင်ကာ ဝင်ငွေများရရှိစေရန်ရည်ရွယ်၍ အခြေခံ စက်ချုပ်သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ်လုပ်ငန်းလုပ်ကိုင် လိုသူများ ကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးလျက်ရှိကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရမှ လူသားအရင်းအမြစ်များ မွေးထုတ်ပေးသည့်အနေဖြင့် ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူ များကို မန္တလေး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်း ကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်မှာကြားကာ ဒေသခံပြည်သူများနှင့် သင်တန်းသားများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်းဘက်စုံစိုက်ပျိုးမွေးမြူရေးသမဝါယမအသင်း အမှုဆောင်များ၊ အသင်းသား တောင်သူများနှင့်တွေ့ဆုံရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် စိုက်ပျိုးရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်းဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးနှင့် အခြေခံ အဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိ ပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧက လျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် တစ်ဦးချင်းဆောင်ရွက်ခြင်းမပြုဘဲ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ စုဖွဲ့လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စုပေါင်းဆောင်ရွက်ခြင်းမှ ရရှိလာသည့် အကျိုးအမြတ်များကို အသင်းသားများ အကျိုးရှိအောင် ခွဲဝေပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသနှင့် ကိုက်ညီသော သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒါမှသာ တောင်သူများ၏ ဝင်ငွေနှင့်လူနေမှုအဆင့်အတန်းမြင့်မားလာစေမှာဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ချုပ်နှင့်အဖွဲ့သည် ကော့သောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ တစ်ရွာ၊ လူဦးရေ ၂၃၀၀ ကျော်နှင့် စိုက်ဧက ၉၅ ဧကတို့ကို အကျိုးပြုပေးလျက်ရှိသည့် ပြည်ထောင်စု လမ်းမကြီးမှ ချောင်းဝကျေးရွာ ဆက်သွယ်သောလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည် ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးရွာတောင်သူများ၊ အသင်းသား တောင်သူများ ကိုယ်တိုင်က မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစား ဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမှာဖြစ်ကြောင်း၊ အများအကျိုး ရပ်ရွာအကျိုး အတွက် အသင်းသားများ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရမှာ ဖြစ် သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာရမှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်