Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဋ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရည်မှန်းချက်တွင်  နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)  အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP) တို့နှင့်  ချိတ်ဆက်ဆောင်ရွက်မည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များမှာ -

(၁)     သမဝါယမအသင်းသစ်များအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ      နှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ပေးရန်နှင့် ဖွဲ့စည်းထားရှိသည့် သမဝါယမ အသင်းများအားလည်း ကျစ်လစ်ခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၂)

(၂)      ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေ အစီအစဉ် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၂၊ ၅)

(၃)     တောင်သူလယ်သမားများသို့ လယ်ယာသုံးစက်ကိရိယာများနှင့် သွင်းအားစု များအား အရစ်ကျစနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ပေးမည်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်၍ ကျေးရွာများရှိ သမဝါယမ အသင်းသားပြည်သူများအတွက် နိုင်ငံတော်မှ လယ်ယာသုံးစက်ကိရိယာ၊ မျိုး၊ ဓါတ်မြေဩဇာသွင်းအားစု၊ ချေးငွေများထောက်ပံ့ပေးခြင်း၊ (MSDP  မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၅ )

(၄)     လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုသမဝါယမအသင်းများ ပေါ်ပေါက် လာရေးနှင့် လယ်ယာသွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၅)

(၅)     သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင် ဒါရိုက်တာများနှင့် အသင်းဝန်ထမ်းများကို သမဝါယမပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်၊(MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၆)

(၆)     ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆောင်ရွက်နေသော သမဝါယမ အသင်းများအား အဆင့်မြှင့်တင် ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၂)

(၇)     သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၃၊ ၆)

(၈)     ကျေးလက်ဒေသ သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၅.၃၊ လုပ်ငန်းစဉ် ၅.၃.၃ နှင့် NCDP မဟာဗျူဟာ ၅)

(၉)     မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၅.၄၊ လုပ်ငန်းစဉ် ၅.၄.၁၊ ၅.၄.၂ နှင့် NCDP မဟာဗျူဟာ ၅)

(၁၀)   စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လမ်းတံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၅)

(၁၁)   ကျေးလက်ဒေသ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်တည်ဆောက် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၁.၂၊ လုပ်ငန်းစဉ် ၁.၂.၁ နှင့် NCDP မဟာဗျူဟာ ၅)

(၁၂)    ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေး လုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးရေး လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၅၊ ၆)

(၁၃)   ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ဒေသထွက်ကုန်များဈေးကွက်ရရှိရေး ချိတ်ဆက် ကူညီဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၁၀နှင့် NCDP မဟာ ဗျူဟာ ၆)

(၁၄)   ကျေးလက်နေပြည်သူများ ကိုယ်တိုင် ပါဝင်အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည့် အသေးစားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဝင်ငွေတိုး လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်း လုပ်ငန်းများဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁ ၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၅)

(၁၅)   သဘာဝဘေးအန္တရာယ် ကာကွယ်တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူမှုအဖွဲ့ အစည်းများ ဖြစ်ပေါ်လာစေရန် ကူညီဆောင်ရွက်ခြင်းနှင့် Cash for Work အစီအစဉ်ဖြင့် ဆင်းရဲနွမ်းပါးသူများအား ကူညီထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ နှင့် NCDP မဟာဗျူဟာ ၅)

(၁၆)   ကျေးလက်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၂၊ ၁.၅.၄ နှင့် NCDP မဟာဗျူဟာ ၅၊ ၆)

(၁၇)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစု တင်ပြခြင်း လုပ်ငန်းများဆောင်ရွက်မည်၊

(၁၈)   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်း အရပ်ရပ်ကို ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၅ နှင့် NCDP မဟာဗျူဟာ ၅)

(၁၉)   တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပေါ်ထွန်းလာစေပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးကို အားပေးကူညီဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၂၊ ၅)

(၂၀)    အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင် ပေး၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးမည်၊

(MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၃ ၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၅)

(၂၁)    အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ အရည်အသွေးပြည့်မီရေးနှင့် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေးအတွက် ခေတ်မီဓာတ်ခွဲခန်းသုံး စက်ပစ္စည်း ကိရိယာများဖြင့် စမ်းသပ်ဆောင်ရွက်သွားမည်၊ (MSDP မဟာဗျူဟာ ၄.၄ ၊ လုပ်ငန်းစဉ် ၄.၄.၃ နှင့် NCDP မဟာဗျူဟာ ၇)

(၂၂)    ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာများ ရေရှည်တည်တံ့ ထွန်းကားရေးအတွက် ဒီပလိုမာအဆင့်တတ်မြောက်သူများနှင့် ကျွမ်းကျင်သူ များဖြစ်စေရေး လေ့ကျင့်မွေးထုတ်ပေးခြင်းနှင့် ကျွမ်းကျင်သူများကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ရရှိရေးတို့ဆောင်ရွက်မည်၊ (MSDP မဟာ ဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၅ နှင့် NCDP မဟာဗျူဟာ ၆)

(၂၃)    တစ်နိုင်တစ်ပိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းထူထောင်လိုသူများနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်လိုသူများအတွက် လေ့ကျင့်ပျိုးထောင်ရေး စင်တာ (Incubation Centre) များ တည်ထောင်ဖွင့်လှစ်ပြီး အသက်မွေး ဝမ်းကျောင်း ပညာသင်တန်းများကို သင်ကြားပေးရာ၌ လိုအပ်သည့်ငွေကြေး၊ လုပ်ငန်းထူထောင် လိုသူများအတွက် အရင်းအနှီး၊ အထောက်အကူပစ္စည်းများ၊ နည်းပညာများ ပံ့ပိုးနိုင်ရန်၊ ဘဏ္ဍာငွေရရှိရေးအတွက် နိုင်ငံတော်မှ ခွဲဝေချ ထားပေးသည့် ဘဏ္ဍာရန်ပုံငွေ ပေါ်မူတည်၍ ကူညီဆောင်ရွက်ပေးသွားမည်၊  

(MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၁၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၄၊ မဟာဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၅၊ မဟာဗျူဟာ ၄.၃ ၊ လုပ်ငန်းစဉ် ၄.၃.၉၊ ၄.၃.၁၀ နှင့် NCDP မဟာဗျူဟာ ၂၊ ၅၊ ၆)

(၂၄)    အသေးစားလုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေးအတွက် အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲနှင့်ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ထုတ်လုပ်သူနှင့်ရောင်းချသူများအကြား ချိတ်ဆက်ပေးခြင်း၊ မြန်မာ့လက်မှု အနုပညာစင်တာအရောင်းခန်းမ ဖွင့်လှစ်ရောင်းချပေးခြင်းနှင့် IT နည်းပညာ အသုံးပြု၍ e-commerce အသုံးပြုနိုင်ရေး အားပေးကူညီ ဆောင်ရွက်မည်၊ (MSDP မဟာ ဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆ နှင့် NCDP မဟာဗျူဟာ ၄၊ ၅)

(၂၅)    ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာ အားလုံး၏ ၈၀ % သို့ ရာသီမရွေး သွားလာနိုင်သည့်လမ်းများ ဆောင်ရွက်ရန် အတွက် အဓိကချိတ်ဆက်သည့် လမ်းကွန်ယက်စနစ် (CRRN-Core Rural Road Network) လမ်းများအား ရာသီမရွေးသွားလာနိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်း စဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၂၆)    ကျေးလက်လမ်းကွန်ယက်ဖြင့် ဆက်သွယ်ပေးနိုင်ခြင်း မရှိသေးသည့် ကျေးရွာ များအတွက် ရာသီမရွေး သွားလာနိုင်သောလမ်းများ အသစ်ဖောက်လုပ် ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၂၇)   ကျေးလက်တံတားများအား ရာသီမရွေးသွားလာနိုင်သည့် တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်သွားမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၂၈)   ကျေးလက်လမ်းများ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၊ ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၂၉)    ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးနှင့် နိုင်ငံတော်၏ GDP တိုးတက်မှုကို အဓိကအထောက်အကူ ဖြစ်စေနိုင်သည့် ကျေးလက်ထုတ်ကုန်များ စျေးကွက်သို့ စျေးနှုန်းသက်သာ စွာဖြင့် အမြန်ဆုံး အချိန်မီရောက်ရှိနိုင်ရေးတို့အတွက် ကျေးလက်ဒေသ လမ်းများအား ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၀)   နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတို့၏ ထောက်ပံ့ငွေနှင့် ချေးငွေ တို့ဖြင့် ကျေးလက်လမ်း၊ တံတားများအဆင့်မြှင့်ဆောင်ရွက်ခြင်း၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းတို့ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၁)   ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း ၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကျေးလက်လမ်းဥပဒေ ရေးဆွဲမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၂)    GIS(Geographic Information System) နည်းပညာဖြင့် ကျေးလက်လမ်း တံတားဆိုင်ရာ အချက်အလက်များ၊ မြေပုံများ ပြည့်စုံမှန်ကန်မှုရှိစေရေး ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၃)   ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် လမ်းများအား သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်။ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm