Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ည) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အကျဉ်းချုပ်တင်ပြချက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ပြည်သူလူထုနှင့်အတူ သမဝါယမ လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယအသင်းများ ဖွဲ့စည်းခြင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့ သော ဖွံ့ဖြိုးရေးပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ပါလုပ်ငန်းစဉ် () ရပ်နှင့်အညီ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကာလတို၊ ကာလလတ်စီမံကိန်းအစီအစဉ်များ ရေးဆွဲပြီး အရှိန်မြှင့်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်သည့် ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအား ပံ့ပိုးမြှင့်တင်ပေးခြင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုသမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း၊ မိသားစုများ ဝင်ငွေတိုးပွား လာစေရန်တို့အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထူထောင်ပေးခြင်း၊ ကျေးလက် ဒေသများ၌ အလုပ်အကိုင်၊ အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးခြင်း၊ စံချိန်စံညွှန်းမီအရည်အသွေးကောင်း ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန်အတွက် စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်များဓာတ်ခွဲစမ်းသပ်ခြင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်ပေးခြင်းနှင့် ကျေးလက်စီးပွားရေးနှင့် ကျေးလက် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လိုအပ်သော သွင်းအားစုများထောက်ပံ့ပေးခြင်းစသည့် လုပ်ငန်းများကို ပြည်တွင်း/ပြည်ပဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာအစိုးရဌာနများ၊ ကျေးလက်နေပြည်သူလူထုများ နှင့်အတူ နီးနီးကပ်ကပ်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

          ဝန်ကြီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လ(အောက်တိုဘာလမှ မတ်လထိ) စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် သမဝါယမဦးစီးဌာနမှ သမဝါယမအသင်းများ ဖွဲ့စည်းမှတ်ပုံတင်နိုင်မှု သမဝါယမအသင်းပေါင်း (၃၈၉၅၄) သင်း၊သမဝါယမ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများအပေါ် အကောင်အထည်ဖော်ဆောင်ရွက် မှု တန်ဖိုးကျပ် (၅၄၄.၀၂၈) ဘီလီယံ၊ အသေးစားအရင်းအနှီးချေးငွေ ထုတ်ချေးဆောင်ရွက်နိုင်မှု ချေးငွေကျပ် (၄၈၄.၅၅၁) ဘီလီယံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ Daedong Industrial Co.,Ltd မှ လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျငွေချေစနစ်ဖြင့် ရရှိအောင် ဆောင်ရွက်မှုစုစုပေါင်း စီးရေ (၃၉၄၉) စီး၊ သွင်းအားစုများ ရရှိအောင် ဖြန့်ဖြူးဆောင်ရွက်နိုင်မှု  တိုင်းဒေသကြီး/ ပြည်နယ် (၈) ခု၊ မြို့နယ် (၃၄) မြို့နယ် တွင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်း (၉၃၆)ခု၊ မီးလင်းရေး ကျေးရွာ (,၀၅၀) ရွာ၊ ကုန်ထုတ်လမ်း (၂၀၄) မိုင်၊ တံတား(၃၄၄) စင်း၊ ကျေးလက်အိမ်ရာ(၅၂)လုံး၊ လူထုဗဟိုပြုစီမံကိန်း () မြို့နယ်၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကျေးရွာ (၁၉၄) ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (,၀၈၁) ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း () ရွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ဆောင်ရွက်မှုလုပ်ငန်း စုစုပေါင်း (၁၀၆၂) ခု၊ ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု (၂၂၆၇) ကြိမ်၊ သုတေသန လုပ်ငန်းများဆောင်ရွက်မှု (၃၇) ခု၊ စက်မှုလက်မှုထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမှ ရငွေကျပ် (.၆၈၆) သန်းအား နိုင်ငံတော်သို့ ပေးသွင်း ဆောင်ရွက်ခဲ့ပါသည်။

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်အပေါ် အခြေခံ၍ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ချမှတ် ထားသောမူဝါဒရည်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကဏ္ဍအလိုက်နှင့် ဒေသအလိုက် စီမံကိန်းများနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်သူအားလုံးပူးပေါင်း ပါဝင်မှုဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm