Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဆ) ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်

          ရေရှည်တည်တံ့ခိုင်မြဲသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်မှန်း၍ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ INGOs၊ NGOs၊ ပြည်တွင်း/ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ဆွေးနွေး တိုင်ပင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်နှင့် အဂ္ဂမဟာဗျူဟာ(၅) ရပ်ကို ရေးဆွဲ ချမှတ်ခဲ့ပါသည်။ 

( က )  မဟာဗျူဟာ(၁)။       ဦးစားပေးရွေးချယ်၍ ဘက်ပေါင်းစုံထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရေးမဟာဗျူဟာ၊

( ခ )   မဟာဗျူဟာ(၂)။       ထပ်ပေါင်းနှင့် ထပ်ပွားဖွံ့ဖြိုးရေးရလဒ်များ ဖြစ်ထွန်းတိုးတက်ရေး မဟာဗျူဟာ၊

( ဂ )   မဟာဗျူဟာ(၃)။       ကောင်းမွန်သော ကျေးလက်ဖွံ့ဖြိုးရေး စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်ရေး

                                         အခြေခံကောင်းများ ချမှတ် ဆောင်ရွက်သွားရန်မဟာဗျူဟာ၊

(ဃ)    မဟာဗျူဟာ(၄)။       စဉ်ဆက်မပြတ်ဘဏ္ဍာရေး အရင်းအမြစ်များရရှိရေး မဟာ ဗျူဟာ၊

( င )   မဟာဗျူဟာ(၅)။       ထိရောက်စွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး မဟာဗျူဟာ၊     

 

 

        

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm