ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု သမဝါယမအသင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံချက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ၂၄-၈-၂၀၂၁ ရက်နေ့ ခရီးစဉ် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော သမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ဒေသထွက် ကော်ဖီများ တိုးမြှင့်ထုတ်လုပ်လာစေရန်၊ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ တန်ဖိုးမြှင့် ကော်ဖီထုတ်ကုန် များ တိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်နှင့် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးပွားပြီး လူနေမှု အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ရွာငံမြို့နယ်ရှိ ကျေးရွာအုပ်စု (၂၆) အုပ်စုမှ ကော်ဖီစိုက်တောင်သူ (၁,၅၈၅) ဦးအား စုစည်း၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်သော သမဝါယမ အသင်း (၅) သင်း ဖွဲ့စည်းပြီး ကော်ဖီထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တွင် အသုံးပြုရန်အတွက် လိုအပ်လျက်ရှိသော စက်ပစ္စည်းများအား ထောက်ပံ့ပေးခဲ့ပါသည်-
စဉ် |
စက်ပစ္စည်းအမျိုးအစား |
အရေအတွက် (လုံး) |
ကုန်ကျငွေ (ကျပ်) |
၁ |
ကော်ဖီသီးလုံးစိုအခွံချွတ်စက် |
၅ လုံး |
၇၅ သိန်း |
၂ |
ကော်ဖီသီးအခြောက်အခွံချွတ်စက် |
၂ လုံး |
၅၀ သိန်း |
၃ |
ကော်ဖီစေ့အဆံဆိုဒ်ခွဲစက် |
၃ လုံး |
၆၉ သိန်း |
၄ |
ကော်ဖီဆံလှော်စက် |
၁ လုံး |
၆၅ သိန်း |
၅ |
ဆိုလာအခြောက်ခံစက် |
၁ လုံး |
၁၇၈.၅၈ သိန်း |
|
စုစုပေါင်း စက်နှင့် တန်ဖိုးငွေ |
၁၂ လုံး |
၄၃၇.၅၈ သိန်း |
အဆိုပါစက်ပစ္စည်းများအနက် ဆိုလာအခြောက်ခံစက်နှင့် အဆောက်အဦအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ် (၁၆၅) သိန်း၊ ကောင်းထက်ဟိန်း သမ အသင်းမှ (၁၃.၅၈) သိန်းရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပြီး ကျန်စက်ပစ္စည်း (၁၂) လုံးအတွက် ကုန်ကျ ငွေ၏ ၅၀% ဖြစ်သော ငွေကျပ် (၁၂၉.၅) သိန်းအား ဝန်ကြီးဌာန၊ ရွှေကမ္ဘာသမဝါယမလီမိတက်မှ သက်သာသော နှုန်းထားဖြင့် ချေးငွေထောက်ပံ့ပေးခဲ့ပါသည်။ ကျန် လိုအပ်ငွေကျပ် (၁၂၉.၅) သိန်းအား သမဝါယမအသင်းများမှ မိမိတို့ စုဆောင်းငွေဖြင့် စိုက်ထုတ်ဝယ်ယူ တပ်ဆင်ခဲ့ကြ ပါသည်။
ထို့ပြင် ကော်ဖီသီးလုံးစိုဝယ်ယူရန်နှင့် ကုန်ချောထုတ်လုပ်ရန်တို့အတွက် လိုအပ်သော အရင်းအနှီးအား ဝန်ကြီးဌာန၊ ရွှေကမ္ဘာသမဝါယမလီမိတက်မှ ကျပ်သိန်း (၃၀၀)၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ကျပ်သိန်း (၆၀၀) နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ကျပ်သိန်း (၆၀၀)၊ ရှမ်းပြည်နယ် ကျေးလက်သမဝါယမအသင်းမှ ကျပ်သိန်း (၁၂၀) စုစုပေါင်းကျပ် (၁,၆၂၀) သိန်းအား သမဝါယမ အသင်းများထံ ထောက်ပံ့ပေးခဲ့ပါသည်။
အရည်အသွေးပြည့်မီသောကော်ဖီစေ့ (ခွဲခြမ်း) နှင့် ကော်ဖီမှုန့်များ ထုတ်လုပ်ရောင်းချ နိုင်ရန်အတွက် အောက်ပါသင်တန်းများအား သက်ဆိုင်ရာဦးစီးဌာနများနှင့် ပူးပေါင်း၍ ဖွင့်လှစ် ပို့ချပေးခဲ့ပါသည် -
စဉ် |
သင်တန်းအမျိုးအစား |
အကြိမ်ရေ |
ဖွင့်လှစ်ပို့ချပေးသည့် ဌာန |
---|---|---|---|
၁ |
ကော်ဖီစိုက်ပျိုးနည်းသင်တန်း |
၁ ကြိမ် |
ကျေးလက်ဦးစီးဌာန+ စိုက်ပျိုးရေးဦးစီးဌာန |
၂ |
တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်နည်းသင်တန်း |
၂ ကြိမ် |
အသေးစားဦးစီးဌာန |
၃ |
စက်ကိရိယာကိုင်တွယ်မောင်းနှင်ခြင်းနှင့်ပြုပြင် ထိန်းသိမ်းခြင်းသင်တန်း |
၁ ကြိမ် |
အသေးစားဦးစီးဌာန |
၄ |
လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်းသင်တန်း |
၁ ကြိမ် |
အသေးစားဦးစီးဌာန |
|
စုစုပေါင်း |
၅ ကြိမ် |
|
ယင်းသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ယင်းဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန (၃) ခု၏ စက်ပစ္စည်း၊ ငွေကြေးနှင့်နည်းပညာကူညီပံ့ပိုးမှုတို့ကြောင့် ကော်ဖီသမဝါယမအသင်း (၅) သင်းအနေဖြင့် အကျိုးအမြတ်များ သိသာစွာ တိုးပွားလာခဲ့ပြီး သမအသင်းဝင်ကော်ဖီစိုက်တောင်သူများ၏ ဝင်ငွေမှာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် (၂၀) သိန်းခန့် ရရှိရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆) လဘတ်ဂျက် တွင် ကျပ်(၅၀.၃၅၅) သိန်းထိ တိုးပွားရရှိခဲ့ပါသည်။ ကော်ဖီသမဝါယမအသင်းများ၏ အကျိုးအမြတ်ရရှိမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် |
သမအသင်း |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (ကျပ်သိန်း) |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လဘတ်ဂျက် (ကျပ်သိန်း) |
၁ |
ရွာငံမြို့နယ်သမဝါယမအသင်းစု |
၃၁.၆၉၅ |
၂၁၈.၂၅ |
၂ |
ကောင်းထက်ဟိန်း |
၃.၀၈ |
၈၁.၅၀ |
၃ |
ရွှေသိင်္ဂီကော်ဖီအသင်းစု |
၆၉.၃၀ |
၁၂၄.၀၉ |
၄ |
မြသရဖူ |
၄.၅၀ |
၁၀.၇၇ |
၅ |
မြစ်ဖျားပန်းလောင် |
၁၂.၀၀ |
၃၅.၀၀ |
စုစုပေါင်း |
၁၂၀.၅၇၅ |
၄၆၉.၆၁ |
သဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ပေးမှု
ပြည်ထောင်စုဝန်ကြီးသည် ၂-၉-၂၀၂၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ လယ်သာနှင့် ကျောက်စရစ်ကုန်းကျေးရွာအနီးရှိ စမ်းဝတီ နို့စားနွားမွေးမြူရေးခြံသို့ ကွင်းဆင်းခဲ့ရာ နို့စားနွားအကောင်ရေ (၄၀၀) ကျော်မှ နို့နှင့် နို့ထွက်ပစ္စည်းများကို ထုတ်လုပ်မှုသာ ဆောင်ရွက်နေ၍ ရရှိသောနွားချေးများအား သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုအရ အသင်းသား (၁၄) ဦးပါဝင်သော စမ်းဝတီမွေးမြူ ရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းကို ၂၀-၉-၂၀၂၁ ရက်တွင် သမဝါယမ ဦးစီးဌာနမှ ဖွဲ့စည်းမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါသည်။ သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် စက်ကိရိယာများဝယ်ယူခြင်း၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် အီလက်ထရောနစ်ဆိုင်ရာများ၊ အဆောက်အဦနှင့် ခြံစည်းရိုးအုတ် တံတိုင်းကာရံခြင်း၊ ရေရရှိ ရေးနှင့် အသေးအဖွဲဆက်စပ်ပစ္စည်းများ (မော်တာများအပါအဝင်) စသည်များကို ဆောင်ရွက် နိုင်ရေးအတွက် ကျပ် (၂၄၄၃) သိန်း ကုန်ကျမည်ဖြစ်ပြီး စမ်းဝတီမွေးမြူရေးနှင့် သဘဝ မြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းအနေဖြင့် ငွေကြေးအရင်းအနှီး အပြည့်အဝ မဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ အထက်ပါနွားချေးမှ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကုန်ကျစရိတ် ငွေကျပ် (၂၄၄၃) သိန်းအနက် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းမှ ရင်းနှီးစိုက်ထုတ်နိုင်သည့်ငွေကျပ် (၁၄၄၃)သိန်းနှင့် လိုအပ်သော ကျန်ငွေ ကျပ်သိန်း (၁၀၀၀) ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ သက်သာသောချေးငွေဖြင့် ပံ့ပိုးပေးခဲ့ပါသည်။
ထို့ကြောင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမ အသင်းအနေဖြင့် ယင်းသို့ လုပ်ငန်းလည်ပတ်နိုင်ရန် ချေးငွေရရှိခဲ့၍ သဘာဝမြေဩဇာထုတ်လုပ် နိုင်ရေးအတွက် ၁၆၂’_၇၂’ကျယ်ဝန်းသော သဘာဝမြေဩဇာစက်ရုံတည်ဆောက်နိုင်ခဲ့ပါသည်။
ထို့နောက် သဘာဝမြေဩဇာစက်ရုံအား စက်စမ်းသပ်လည်ပတ်မှုကို (၃) လခန့် စမ်းသပ်လည်ပတ်၍ လက်ရှိတပ်ဆင်ထားသော စက်စွမ်းအားအနေအထားအရ တစ်ရက် လျှင် (၅၀) ကီလိုဂရမ်အိတ် ၁၀၀ ကျော် (၅ တန်ခန့်)၊ တစ်လလျှင် (၅၀) ကီလိုဂရမ်အိတ် (၂၆၀၀) ကျော် (၁၃၀ တန်ခန့်) ထုတ်လုပ်နိုင်ပြီး အဆိုပါစက်ရုံကို ၁၁-၂-၂၀၂၂ ရက်တွင် ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပါသည်။
ထို့ပြင် စက်ရုံမှ ထုတ်လုပ်သည့် သဘာဝမြေဩဇာသည် မြေဩဇာကော်မတီမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဩဇာ မှတ်ပုံတင်ခွင့်ပြုမိန့်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါထွက်ရှိလာသော သဘာဝမြေဩဇာများကို ဒေသတွင်းရှိ တောင်သူများအား သဘာဝမြေဩဇာ (ပုံမှန်) (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် စက်ရုံထုတ်ဈေး ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ တောင်သူများက လာရောက်ဝယ်ယူအသုံးပြုလျက်ရှိပါသည်။
ထို့နောက် ထုတ်လုပ်ရရှိသော ထွက်ကုန်များကို တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းအဆင့်ဆင့်နှင့် ချိတ်ဆက်၍လည်းကောင်း၊ အနယ်နယ်အရပ်ရပ်ရှိ တောင်သူ များထံ လက်ဝယ်အရောက် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့်လည်းကောင်း ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပါသည်။
စမ်းဝတီသဘာဝမြေဩဇာစက်ရုံမှ ထွက်ရှိသော သဘာဝမြေဩဇာများကို တောင်သူ များအနေဖြင့် သုံးစွဲပါက မြေသားဖွဲ့စည်းမှုကောင်းခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အစိုဓါတ် ကို ကြာရှည်ထိန်းထားနိုင်ခြင်း၊ ပုလဲ၊ တီစူပါနှင့် ပိုတက်ဓါတ်မြေဩဇာများတွင် ပါဝင်သည့် အဓိကအာဟာရဓါတ် ၃ မျိုးလုံးအပြင် အကျိုးပြု ဗက်တီးရီးယားများနှင့် အခြားအာဟာရဓါတ်များလည်း ပါဝင်နေခြင်း၊ သီးနှံပင်သက်တမ်း တစ်လျှောက်လုံး အကျိုးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည့်အပြင် ဓါတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်နေချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူလိုပါက ကွင်းအမှတ် (၁၅၁၁)၊ ညောင်ပင်သာကွင်း၊ လယ်သာရွာအနီး၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိခရိုင် ဖုန်း- (၀၉-၄၂၄၆၈၄၄၁၇) ၊ (၀၉-၈၃၀၃၅၂၁) ၊ (၀၉-၄၄၈၀၀၂၃၂၄) ဆက်သွယ်မှာယူနိုင်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။