Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

( င ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အပေါ် ဆောင်ရွက်ပြီးစီးမှု

(၁) ဆိုလာရေတင်ပန့်စနစ်ဖြင့် ချောင်းရေတင်လုပ်ငန်းများ ဆောင်ရွက်ခြင်း

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်မှ (၁၇)ရက်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု -

(က)    ကျိုင်းတုံမြို့နယ်၊နမ့်ခင်ချောင်းမှ ဆိုလာရေတင်ပန့်စနစ်ဖြင့် ချောင်းရေတင်လုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် ရေတင်ပန့် (10 Hp Centrifugal)(၂)စုံ၊ Solar Panel (14.4 kW) (၂)စုံ၊ ရေပိုက်သွယ်တန်းခြင်း (၄” ø၊ ၂” ø ၈၆၀၀’) တို့အား ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၀၉.၂ သန်းဖြင့် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကျေးရွာ(၈)ရွာ၊ စိုက်ပျိုးဧက (၆၀)နှင့် တောင်သူ(၃၃) ဦးတို့အား အကျိုးပြုစေမည်ဖြစ်ပါသည်။

(ခ)     မိုင်းခတ်မြို့နယ်၊ နမ့်လွေ‌ချောင်းမှ ဆိုလာရေတင်ပန့်စနစ်ဖြင့် ချောင်းရေတင် လုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းအတွက် ရေတင်ပန့် (7.5 Hp Centrifugal) (၁)စုံ၊ Solar Panel (9.9 kW) (၁)စုံ၊ ရေပိုက်သွယ်တန်းခြင်း(၄”ø၊ ၂” ø ၄၃၀၀’) တို့အား ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ ကျပ် ၄၄.၂သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးကျေးရွာ(၁)ရွာ၊ စိုက်ပျိုးဧက(၃၀)နှင့် တောင်သူ(၁၁)ဦးတို့အား အကျိုးပြုစေမည်ဖြစ်ပါသည်။

            နမ့်ခင်ချောင်းနှင့် နမ့်လွေချောင်းချောင်းဘေးတစ်လျှောက် ရာသီဥတုနှင့် လိုက်လျောညီထွေ ရှိပြီး တောင်သူတွက်ခြေကိုက်သော သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဦးစီး ဌာနများနှင့် တောင်သူများ ညှိနှိုင်းဆွေးနွေး၍ စီမံချက်ရေးဆွဲထားပြီးဖြစ်ပါသည်။နွေရာသီတွင် နွေစပါး(၉၀)ဧက သီးထပ်စိုက်ပျိုးနိုင်မည့်အပြင် ဆောင်းသီးနှံအမယ်စုံကိုလည်း စိုက်ပျိုးသွားနိုင်မည် ဖြစ်ပါသည်။

          နေရောင်ခြည်စွမ်းအင်သုံး ဆိုလာချောင်းရေတင်စနစ် ရေရှည်တည်တံ့နိုင်ရန်နှင့် စိုက်ပျိုးရေ ကို စနစ်တကျ အကျိုးရှိစွာသုံးစွဲစေရန် တောင်သူများအား ကော်မတီဖွဲ့စည်းပေး၍ သင်တန်းပို့ချ ပေးသွားမည်ဖြစ်ပါသည်။ ယာယီရေစုကန် ပျက်စီးမှုမရှိစေရေးနှင့် စီမံချက်အတိုင်း စိုက်ပျိုးနိုင်ရန် တောင်သူများအား ကြီးကြပ်ခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်ခြင်းနှင့် သီးနှံအာဟာရကျွေးမွေးပြုစုခြင်းတို့အတွက် နည်းပညာပေးခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီး ဌာန တို့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၂) နမ္မတူ ချောင်းဘေးရှိ လယ်ယာမြေများ ရာသီမရွေးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးခြင်း

              နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ခုနှစ်၊ ဧပြီလ (၈) ရက်မှ (၁၉)ရက်ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တို့သို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း လမ်းညွှန် မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု -

(က)  လားရှိုးခရိုင်၊ သိန်းနီမြို့နယ်၊ ခမ်းတိမ်းအုပ်စုနှင် ကောင်းဟော်အုပ်စုမှ နောင်အွန် ကျေးရွာရှိ နမ္မတူချောင်းနှင့် နမ့်ပန်ချောင်းတလျှောက် ကွင်းဆင်းစစ်ဆေးချက်အရ နမ့်ပန်ချောင်းမှ ဆိုလာရေတင်ပန့်စနစ်ဖြင့် ချောင်းရေတင်ခြင်းနှင့် ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းအတွက် ရေတင်ပန့်/ Solar Pannel (5.5Hp / 6.3KW) (၂)စုံ၊ ရေပိုက်သွယ်တန်းခြင်း (၄"Ø ၁၀၀၀')တို့အား ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ရန်ပုံငွေကျပ် (၃၅)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

(ခ )   ဆိုလာရေတင်စနစ်ဖြင့် ချောင်းရေတင်ခြင်းလုပ်ငန်းအား Station (၂)ခုတို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ Station တစ်ခုစီမှ တစ်နေ့လျှင် (၁)နာရီ ဂါလံ (၂၀၀၀၀)နှုန်းဖြင့် (၅)နာရီ ရေတင်လျှင် ဂါလံ(၁)သိန်းစီ ရရှိမည်ဖြစ်ပါသဖြင့် Station (၂)ခုအတွက် တစ်နေ့လျှင် ရေဂါလံစုစုပေါင်း (၂)သိန်း ရရှိမည်ဖြစ်ပါသည်။  နမ့်ပန် ချောင်းတလျှောက် ဆိုလာစနစ်ဖြင့်ချောင်းရေတင်၍ သီးနှံများ စိုက်ပျိုးခြင်းဖြင့် သိန်းနီမြို့နယ်၊ နောင်အွန်ကျေးရွာရှိ တောင်သူ(၁၀)ဦး၊ စိုက်ဧက(၃၀)၊ လူဦးရေ (၅၃)ဦးတို့အား အကျိုးပြုစေမည်ဖြစ်ပါသည်။

         နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် နမ့်ပန်ချောင်းမှ ချောင်းရေတင်၍ ချောင်းဘေး တလျှောက်တွင် တောင်သူများမှ မိုးစပါး၊ ဟင်းသီးဟင်းရွက်၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ ပဲပုတ် စသော သီးနှံအမယ်စုံကို ရာသီအလိုက် စိုက်ပျိုးသွားနိုင်မည်ဖြစ်ပါသည်။

     နေရောင်ခြည်စွမ်းအင်သုံး ဆိုလာချောင်းရေတင်စနစ် ရေရှည်တည်တံ့အသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေကို စနစ်တကျအကျိုးရှိစွာသုံးစွဲနိုင်စေရန် တောင်သူများအား ကော်မတီဖွဲ့စည်းပေး၍ သင်တန်းပို့ချပေးသွားမည်ဖြစ်ပါသည်။ သီးနှံစိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး ကြိုတင် ကာကွယ်ခြင်း၊ သီးနှံအာဟာရကျွေးမွေးပြုစုခြင်း၊ ရာသီအလိုက်စိုက်ပျိုးမည့်စီမံချက်အတိုင်း စိုက်ပျိုး နိုင်ရေး ကြီးကြပ်ခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm