Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ခ) ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ရည်မှန်းချက်တွင်  နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (NCDP) တို့နှင့်  ချိတ်ဆက်ဆောင်ရွက်မည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များမှာ -

(၁)     သမဝါယမအသင်းသစ်များအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ပေးခြင်း၊ ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လစ်ခိုင်မာ စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၂)

(၂)     ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေ (Micro capital Loan) အစီအစဉ် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ ၃.၁.၁၃ နှင့် NCDP မဟာဗျူဟာ ၂/ ၅)

(၃)     တောင်သူလယ်သမားများသို့ လယ်ယာသုံး၊ စက်ကိရိယာများနှင့် သွင်းအားစုများအား အရစ်ကျ စနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ ၃.၁.၁၃ နှင့် NCDP မဟာဗျူဟာ ၅ )

(၄)     လယ်ယာအထောက်အကူပြု ဝန်ဆောင်မှု သမဝါယမအသင်းများ ပေါ်ပေါက်လာရေးနှင့် လယ်ယာသွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ ၃.၁.၁၃ NCDP မဟာ ဗျူဟာ ၅)

(၅)     သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင်ဒါရိုက်တာများနှင့် အသင်းဝန်ထမ်းများကို သမဝါယမပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ ၃.၁.၁၃ NCDP မဟာဗျူဟာ ၆)

(၆)     ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆောင်ရွက်နေသော သမဝါယမအသင်းများအား အဆင့်မြှင့်တင် ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ ၃.၁.၁၃ NCDP မဟာဗျူဟာ ၂)

(၇)     မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၀) ဖြင့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ NCDP မဟာဗျူဟာ ၃/ ၆)

(၈)     ကျေးလက်ဒေသ သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် မည်၊ (MSDP မဟာဗျူဟာ ၅.၃၊ လုပ်ငန်းစဉ် ၅.၃.၃ နှင့် NCDP မဟာဗျူဟာ ၅)

(၉)     မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာ ဗျူဟာ ၅.၄၊ လုပ်ငန်းစဉ် ၅.၄.၁၊ ၅.၄.၂ နှင့် NCDP မဟာဗျူဟာ ၅)

(၁၀)   စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ် လမ်းတံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၅)

 (၁၁)  ကျေးလက်ဒေသ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြုပြင်တည်ဆောက် ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၁.၂၊ လုပ်ငန်းစဉ် ၁.၂.၁ နှင့် NCDP မဟာဗျူဟာ ၅)

 (၁၂)   ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ် ဆောင်ရွက်နိုင်ရန် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၅၊ ၆)

(၁၃)   ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ် ပို့ချခြင်းနှင့် ဒေသထွက်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၁၀ နှင့် NCDP မဟာ ဗျူဟာ ၆)

(၁၄)   ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အသေးစား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝင်ငွေတိုးလုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် မည်၊ (MSDP မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၄ နှင့် NCDP မဟာဗျူဟာ ၅)

 (၁၅)  သဘာဝဘေးအန္တရာယ် ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန် ကူညီဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ နှင့် NCDP မဟာဗျူဟာ ၅)

 (၁၆)  ကျေးလက်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက် မည်၊ (MSDP မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၂၊ ၁.၅.၄ နှင့် NCDP မဟာဗျူဟာ ၅၊ ၆)

(၁၇)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစုတင်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊ (NCDP မဟာဗျူဟာ ၅)

(၁၈)   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက် မည်၊ (MSDP မဟာ ဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၅ နှင့် NCDP မဟာဗျူဟာ ၅)

(၁၉)   နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာဥပဒေများ ပေါ်ထွန်း လာစေပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးကို အားပေးကူညီ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၂၊ ၅)

(၂၀)   အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရေးကို ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၃ ၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၅)

(၂၁)    အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်များ အရည်အသွေး ပြည့်မီရေးနှင့် ဘေးဥပါဒ် ကင်းရေးအတွက် သုတေသနဓာတ်ခွဲခန်းများ တည်ထောင်စမ်းသပ်ပေးသွားမည်၊ (MSDP မဟာဗျူဟာ ၄. ၄ ၊ လုပ်ငန်းစဉ် ၄.၄.၃ နှင့် NCDP မဟာဗျူဟာ ၇)

(၂၂)    ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်း အတတ်ပညာများ ရေရှည်တည်တံ့ ထွန်းကားရေးအတွက် ဒီပလိုမာအဆင့် တတ်မြောက်သူများနှင့် ကျွမ်းကျင်သူများကို လေ့ကျင့် မွေးထုတ်ပေး သွားမည်၊ (MSDP မဟာဗျူဟာ ၄.၁၊ လုပ် ငန်းစဉ် ၄.၁.၅ နှင့် NCDP မဟာဗျူဟာ ၆)

 (၂၃)   အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပို့ချပေးခြင်းနှင့် တန်ဖိုးမြင့်ကုန်ထုတ်လုပ်ငန်း လေ့ကျင့်သင်ကြားရေးဌာန incubation center တည်ထောင်ဖွင့်လှစ်ပြီး အသေးစားလုပ်ငန်း ရှင်များကို ပံ့ပိုးကူညီမွေးထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်၊ (MSDP မဟာ ဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၁၊ မဟာဗျူဟာ ၃.၂၊ လုပ် ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၅၊ မဟာဗျူဟာ ၄.၃ ၊ လုပ်ငန်းစဉ် ၄.၃.၉၊ ၄.၃.၁၀ နှင့် NCDP မဟာဗျူဟာ ၆)

(၂၄)   မြန်မာ့ရိုးရာလက်မှုလုပ်ငန်းနှင့် အသေးစားလုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ကုန်စည်ပြပွဲများ၊ အရောင်းပြခန်းများ စီစဉ်ဆောင်ရွက်ပေးသွားမည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆ နှင့် NCDP မဟာဗျူဟာ ၄၊ ၅)

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm