Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော နည်းပြရာထူးနေရာများအတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း

13 Mar,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိ သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၁၉)နေရာတို့အတွက်အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိ သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)တို့တွင် လစ်လပ်လျက်ရှိသော နည်းပြ (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)ရာထူး(၁၉)နေရာတို့တွင် အောက်ပါပညာအရည်အချင်း သတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်သည်-

စဉ်

ခန့်ထားမည့်

နေရာနှင့် ဦးရေ

ဘွဲ့အလိုက်

ခန့်ထားမည့်

ဦးရေ

ပညာအရည်အချင်း

၁။

သမဝါယမကောလိပ်

(ဖောင်ကြီး)-(၇)ဦး

(၁)

B.Econ(Eco)(Hons), B.Econ(Eco) (Q), B.B.Sc(RD)(Q), B.A(BS)(Q),

B.B.Sc(Q)

 

 

(၁)

B.B.Sc(SEM)(Q), B.P.A(Hons),

B.P.A(Q), B.A(BS)(Q), B.B.Sc(Q)

 

 

(၂)

B.Com(Hons), B.Com(Q), B.B.A

(Hons), B.B.A(Q), B.Act(Hons),

B.Act(Q),B.B.Sc(AF)(Q), B.B.Sc

(MM)(Q), B.A(BS)(Q), B.B.Sc(Q)

 

 

(၁)

B.A(Myan)(Hons), B.A(Myan)(Q)

 

 

(၁)

B.Sc(Maths)(Hons),B.Sc(Maths)(Q)

 

 

(၁)

B.A(Geog)(Hons), B.A(Geog)(Q)

၂။

သမဝါယမစာရင်းရေး၊

စာရင်းကိုင်သက်မွေးပညာ

(၃)

B.Econ(Eco), B.Com,B.Act,BBA,

BBM,B.A(BS),B.B.Sc

 

သင်တန်းကျောင်း-(၁၂)ဦး

(၆)

B.C.Sc, B.Sc(Computer Science)

 

(တောင်ကြီး၊ မကွေး၊

(၃)

B.A(Eng)

 

ပုသိမ်၊ မော်လမြိုင်၊

 

(ဘွဲ့အလိုက် မဟာဘွဲ့ရရှိသူ၊ မဟာဘွဲ့ တက်ရောက်ရန်အဆင့်မီသူများအား ဦးစားပေးမည်။)

 

မန္တလေး )

 

၂။            လျှောက်ထားသူသည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ)   (၂၈-၂-၂၀၂၃)ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော် လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါကအသက်(၄၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်။

(ဂ)   ကျန်းမာရေးကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

(ဃ) ရွေးချယ်ခန့်ထားခြင်းခံရပါက ဌာနတွင်အနည်းဆုံး(၅)နှစ်တစ်ဆက်တည်း တာဝန်ထမ်းဆောင်ရမည်။

(င)   သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)သို့ ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်ရမည်။

(စ)   အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့်အဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ဖြင့်လျှောက်ထားရမည်။ လျှောက်လွှာ (၁)စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာန၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတစ်ဆင့် သမဝါယမဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့(၁၇-၃-၂၀၂၃) ရက်နေ့နောက်ဆုံးထား၍ အရောက်ပေးပို့ရမည်။

(ဆ) လျှောက်လွှာများကို သမဝါယမဦးစီးဌာန(ရုံးချုပ်)-နေပြည်တော်၊ သမဝါယမ ကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်းများတည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ (၁၇-၃-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ပေးပို့ရမည်။

၃။            လျှောက်လွှာတွင် ဖြေဆိုလိုသည့် ကောလိပ်/သင်တန်းကျောင်းအား ထင်ရှားစွာဖော်ပြ ရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူအောက်ဖော်ပြပါစာရွက်စာတမ်းများကိုပူးတွဲတင်ပြရမည် -

(က) ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ခ)   အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်)၊

(ဂ)   နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်းကို သက်ဆိုင်ရာရပ်ကွက် နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ထောက်ခံချက်မူရင်း [လွန်ခဲ့သော(၁)လအတွင်း]

(ဃ) နိုင်ငံ့ဝန်ထမ်းများအတွက်ကိုယ်တိုင်ဝန်ခံချက်၊ ဌာနထောက်ခံချက်

(င)   ကျန်းမာကြောင်းဆေးထောက်ခံစာ

(စ)   ပတ်စ်ပို့ဓါတ်ပုံ(၂)ပုံ[လွန်ခဲ့သော (၁)လ ခန့်အတွင်း]

၄။          ရေးဖြေစာမေးပွဲကို သမဝါယမကောလိပ်/သင်တန်းကျောင်းများတွင် (၂၀-၃-၂၀၂၃) ရက်နေ့၌ပြုလုပ်သွားမည်ဖြစ်ပြီး ဖြေဆိုရမည့်ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာနှင့်အထွေထွေ ဗဟုသုတတို့ဖြစ်ပါသည်။ (၁၉-၃-၂၀၂၃)ရက်နေ့မှစတင်၍ ရေးဖြေဖြေဆိုခွင့်ကတ်ပြားထုတ်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ရေးဖြေအောင်မြင်သူများအမည်စာရင်းကို သက်ဆိုင်ရာကောလိပ်/ တိုင်းဒေသကြီး/ပြည်နယ်ရုံးများတွင် ကြေညာပေးမည်ဖြစ်ပြီးရေးဖြေအောင်မြင်သူများအား လူတွေ့ စစ်ဆေးခြင်းပြုလုပ်သွားမည်ဖြစ်ပါသည်။

၅။          အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက်အလက်မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာသော လျှောက်လွှာ များကို လက်ခံစဉ်းစားမည်မဟုတ်ပါ။အသေးစိတ်သိရှိလိုပါက ဖောင်ကြီးကောလိပ်၀၉-၄၅၁၁၅၃၆၆၄/ ၀၉-၄၅၂၄၂၆၉၁၂၊ ရှမ်းပြည်နယ်ရုံး ၀၉-၄၀၁၇၀၄၅၄၀၊ မကွေးတိုင်းရုံး ၀၉-၄၂၀၈၃၈၁၈၂၊ ဧရာဝတီ တိုင်းရုံး ၀၄၂-၂၁၂၁၃၊ မွန်ပြည်နယ်ရုံး 057-24684၊ မန္တလေးတိုင်းရုံး 02-4039147၊ သမဝါယမ ဦးစီးဌာန(ရုံးချုပ်) 067-3410336 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

သမဝါယမဦးစီးဌာန(ရုံးချုပ်)




ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm