သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများသင်တန်းသားခေါ်ယူခြင်း
၁။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Third Batch စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့(MBA)သင်တန်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့(MPA)သင်တန်းနှင့် အသုံးချသုတေသနပညာမဟာဘွဲ့(MAR)သင်တန်းများကို Online ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
၂။ အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-
(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။
(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူ မဖြစ်စေရ။
(ဂ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။
(ဃ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ပြီး Online သင်တန်း ဖြစ်သည့်အတွက် လိုအပ်သောနည်းပညာများအား ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
မှတ်ချက်။ အနည်းဆုံးလုပ်သက်(၃)နှစ်ရှိပြီးလုပ်ငန်းအတွေ့အကြုံရှိသည့် အရည်အသွေးပြည့်မှီသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။
၃။ သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို မိမိလျှောက်ထား လိုသည့် သင်တန်း၏ Online မှဖြစ်စေ (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၁၈-၁-၂၀၂၅ ရက်မှစတင်၍ ထုတ်ယူနိုင်ပြီး (၉-၃-၂၀၂၅) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
(က) ဘွဲ့လက်မှတ်(သို့)ယာယီဘွဲ့ထောက်ခံစာ
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
(ဂ) နိုင်ငံသားစိစစ်ရေးကတ်
(ဃ) ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံလုပ်ဆောင်ချက်
(င) ပတ်စ်ပို့ဓါတ်ပုံ(၄)ပုံ
မှတ်ချက်။ ပူးတွဲပါစာရွက်စာတမ်းများသည် မူရင်းကို scan ဖတ်ထားသောမိတ္တူများဖြစ်ပြီး email (သို့မဟုတ်) Viber ဖြင့် ပေးပို့ရပါမည်။
၄။ ဝင်ခွင့်ရေးဖြေစာမေးပွဲကို ၁၆-၃-၂၀၂၅ ရက် တနင်္ဂနွေနေ့ တွင် Online မှ နံက် ၉ နာရီမှ ၁၂ နာရီ အထိ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်စာရင်းနှင့် လူတွေ့အချိန်စာရင်းကို ၁၉-၃-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ပါမည်။
၅။ သင်တန်းတက်ရောက်မှုအချိန်စာရင်းမှာ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ (နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀နာရီ) အထိဖြစ်ပြီး သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။
၆။ ဆက်သွယ်ရန်ဖုန်းနံပါတ် - -(က) MBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန (၀၇၂-၂၀၂၃၀၂၃ ၊ ၀၉၈၉၇၇၅၂၀၄၆ ၊ ၀၉၆၇၆၈၃၅၉၉၉)
( Email- ucmsmbasgg@gmail.com)
နှင့် အီးမေးလ်များ သင်တန်းရေးရာဌာန (Ph- ၀၉-၄၅၈၀၃၁၅၉၅၊ ၀၇၂-၂၀၂၃၀၁၅) ( Email- ucmsexam22@gmail.com)
-(ခ) MPA သင်တန်းအတွက် သမဝါယမပညာဌာန (၀၇၂-၂၀၂၃၀၁၂ ၊ ၀၉၈၉၇၇၅၁၇၄၂ ၊ ၀၉၂၅၀၈၀၄၈၂၀၊ ၀၉၆၉၉၀၆၅၃၃၁) (Email-semucmsagaing@gmail.com, kyi237@gmail.com)
သင်တန်းရေးရာဌာန (Ph- ၀၉-၄၅၈၀၃၁၅၉၅၊ ၀၇၂-၂၀၂၃၀၁၅) ( Email- ucmsexam22@gmail.com)
-(ဂ) MAR သင်တန်းအတွက် စာရင်းအင်းပညာဌာန (၀၇၂-၂၀၂၃၀၂၁ ၊ ၀၉-၈၉၇၇၅၂၀၄၇ ၊ ၀၉၆၇၃၃၅၈၂၂၄)
(Email-statsdeptucms@gmail.com)
သင်တန်းရေးရာဌာန (Ph- ၀၉-၄၅၈၀၃၁၅၉၅ ၊ ၀၇၂-၂၀၂၃၀၁၅) ( Email- ucmsexam22@gmail.com)
၇။ လျှောက်ထားမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://www.ucmsonlinestudy.org/ နှင့် Facebook Page: University of Co-operative and Management, Sagaing နှင့် သက်ဆိုင်ရာဌာနများတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
၈။ သင်တန်းသားဦးရေ ကန့်သတ်ထားရှိပါသည်။
ဌာနမှူး၊ သင်တန်းရေးရာဌာန
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်