၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work) စီမံကိန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မိုခါ မုန်တိုင်းသင့် မြို့နယ်(၁၀)မြို့နယ်ရှိ ကျေးရွာ(၁၀၀)ရွာတွင် တစ်ရွာလျှင်ကျပ်(၁၀)သန်းနှုန်းဖြင့် စီမံကိန်းလုပ်ငန်းခွဲ (၁၄၃)ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အစီရင်ခံသည့် ကာလတွင် ဆောင်ရွက်ပြီးလုပ်ငန်း (၁၁၃)ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၂၆)ခု၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်း (၄)ခု ဖြစ်ပြီး လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းမှာ (၉၂%)ဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ စီမံကိန်းလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားထားသည့်အတွက် လုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။