စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ကိုင် သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များအား အစုအဖွဲ့စနစ်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်နှင့် ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ကျေးရွာယူနစ်(၅၀) ယူနစ်၊ကျေးရွာ (၅၄) ရွာ၌ဆောင်ရွက်ရန်လျာထားခဲ့ပြီးကျေးရွာများအတည်ပြု ရွေးချယ်ပြီးဖြစ်၍ သက်မွေးအစုအဖွဲ့များဖွဲ့စည်းခြင်း၊ အဆိုပြုလွှာများစိစစ်အတည်ပြုခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းစသည့် စီမံကိန်းလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့ရာ အစီရင်ခံသည့်ကာလတွင် ကျေးရွာယူနစ်(၅၀)ယူနစ်၊ ကျေးရွာ(၅၄)ရွာအား ရန်ပုံငွေလွှဲပြောင်းပြီး ဖြစ်သဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။