ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများဖွံ့ဖြိုး စေခြင်း၊ သွင်းအားစု၊ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာ များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ၊အသင်းအဖွဲ့ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍစသည့် ကဏ္ဍ(၆)ရပ်ဖြင့်ဆောင်ရွက်ခဲ့ရာ စီမံကိန်းစတင်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄၃)ရွာနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုးချဲ့ဆောင်ရွက်သည့် ကျေးရွာ(၄၅)ရွာ၊ စုစုပေါင်းကျေးရွာ(၈၈)ရွာ၌ အစီရင်ခံသည့်ကာလတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ပေါင်း(၁၆၄၇)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးလုပ်ငန်း (၈၄၅)ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၂၉၃)ခု၊ ဆောင်ရွက်ရန်ကျန် (၅၀၉)ခု ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။