၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော မီးလင်းရေးလုပ်ငန်းများတွင် တစ်အိမ်သုံးဆိုလာစနစ် မီးလင်းရေးလုပ်ငန်း(၅၅၇၅)ခုကို ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများထုတ်လုပ်ရန် ပစ္စည်းများအား ပင်လယ်ရေကြောင်းမှတင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်ခွင့်ပြုချက်နှင့် နိုင်ငံခြားငွေဝယ်ယူခွင့်အား တင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်မရရှိခဲ့သောကြောင့် ကုမ္ပဏီမှလုပ်ငန်းများ ဆက်လက်မဆောင်ရွက် နိုင်သဖြင့်ဝန်ကြီးဌာန၏စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်စာချုပ်ဖျက်သိမ်းခဲ့ပါသည်။ အဆိုပါလုပ်ငန်းအစား ကျေးရွာ (၉၁၈)ရွာ၊ အိမ်ခြေ (၄၃၇၂၈)အိမ်အတွက် ဆောင်ရွက်ရန်ပြောင်းလဲ လျာထားခဲ့ရာ အစီရင်ခံသည့်ကာလတွင်တင်ဒါခေါ်ယူပြီး နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ အသေးစားဓါတ်အားပေးစနစ်လုပ်ငန်း (၄၈၂)ခုမှာ (၈၆%)ဆောင်ရွက်ပြီး ဖြစ်ပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အသေးစားဓါတ်အားပေးစနစ်လုပ်ငန်း များကို ပြည်ထောင်စု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကျေးရွာ(၈)ရွာ၊အကျိုးပြုအိမ်ခြေ (၁၂၁၅)အိမ်အတွက် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၄၁ %) ဆောင်ရွက်ပြီး ဖြစ်ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။