သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/စစ်ကိုင်း) မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဒုတိယနှစ်သင်တန်း၊တတိယနှစ်သင်တန်းနှင့်မဟာတန်းသင်တန်းများအား ၁၅-၉- ၂၀၂၂ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား လျက်ရှိပါသည်။သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်/စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပထမနှစ် သင်တန်းဝင်ခွင့်ခေါ်ယူနိုင်ရေးအတွက် လျှောက်လွှာပုံစံများထုတ်ပေးခြင်းနှင့် ပြန်လည်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ဌာနတွင်းဝန်ထမ်းများ “စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအသိပညာပေးသင်တန်း (၁/ ၂၀၂၂)”(Training on Capacity Building and Financial Awareness) ကို Zoom Application အသုံးပြု၍ ၂၁-၆-၂၀၂၂ရက်နေ့မှ ၂၀-၉-၂၀၂၂ ရက်နေ့ထိ Learning Management System ဖြင့် သင်ကြားခဲ့ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သင်တန်းသား/ သင်တန်း သူ (၉၀) ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား/ သင်တန်းသူ (၃၀) ဦး၊ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ပါ သည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။