မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် စီမံကိန်းယူနစ် (၁၂၀) ယူနစ်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လျာထားခဲ့ပြီး အစီရင်ခံသည့်ကာလတွင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခု၊ မြို့နယ် (၆၈) မြို့နယ်ရှိ စီမံကိန်းကျေးရွာယူနစ် (၁၂၀) ယူနစ်၊ အကျိုးပြုကျေးရွာ (၁၂၅) ရွာအား ရွေးချယ်အတည်ပြုပြီးဖြစ်၍ ကျေးရွာများတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာကော်မတီဖွဲ့စည်းခြင်း၊ သင်တန်းပို့ချခြင်း၊ ကျေးရွာစာရင်းရှင်ဖွင့်လှစ်ခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်းနှင့် ချေးငွေထုတ်ချေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။