ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက် မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်း (တောင်ကြီး၊ မကွေး၊ပုသိမ်၊ မော်လမြိုင်၊ မန္တလေး) များကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅၂)ဦး တက်ရောက်သင်ကြားနိုင်ခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသဖြင့် သမဝါယမ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့်ရရှိသည့် ကျောင်းသား/ကျောင်းသူ (၃၀) ဦးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းစုချုပ် များ၊ သမဝါယမအသင်းစုများ၊ သမဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းများ နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိသူ (၂၁၂) ဦး ရှိပါသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီး၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၂၆၈)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်