Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ပ) ယွန်းပညာကောလိပ် (ပုဂံ)ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

မြန်မာ့ယွန်းထည်အတတ်ပညာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာ ယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ပြီး ရရှိသည့် နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပျိုးထောင် ပေးရန်၊ ယွန်းထည် လုပ်ငန်းအတတ်ပညာသင်ကြားရေးကို ပညာသင်ကြားမှုနည်းလမ်းများနှင့်အညီ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စီးပွားရေးပညာတတ်ကျွမ်း နားလည်သော ယွန်း အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယွန်းပညာကောလိပ် (ပုဂံ)ကိုဖွင့်လှစ်ပြီး ယွန်းအတတ်ပညာဒီပလိုမာ (၂)နှစ် သင်တန်းနှင့် ယွန်းအတတ်ပညာဒီပလိုမာ(၁)နှစ် သင်တန်းတို့ကို သင်ကြားလျက်ရှိရာ အစီရင်ခံသည့်ကာလတွင် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၅၆)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm