Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဏ) အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုး ရေးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်း၊ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ အမျိုးသမီးများ အတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ ဘိန်းစိုက်ပျိုးသည့် မြို့နယ် များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့်လုပ်ငန်း စသည့် လုပ်ငန်း (၇)ခုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကျေးရွာများရှိ ပြည်သူ(၆၉၇)ဦး ကို လုပ်ငန်းများ ထူထောင်ပေးနိုင်ခဲ့ပါသည်။

              ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ မြို့ပြအပါအဝင် ကျေးရွာ (၂၂၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လျာထားခဲ့ပြီး အဆိုပါ ကျေးရွာများတွင် ကျေးရွာ ၏ ဒေသထွက်ကုန်ကြမ်းအပေါ်မူတည်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်လိုသူ(၅)ဦးအား ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်သည်အထိ လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ရာ အစီရင်ခံသည့် ကာလအထိ စီမံကိန်း လက်စွဲစာစောင်ပါ သက်မှတ်ချက်များနှင့်အညီ အတည်ပြုပြီးသော ကျေးရွာ (၁၈၅) ရွာတွင် လုပ်ငန်းပေါင်း (၁၅၈)ခုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm