Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(င) လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု

“လူမှု စီးပွားမြှင့်တင်ရေးစီမံကိန်း” ကို ခွင့်ပြုရန်ပုံငွေ ကျပ် (၂၄၁.၄၀)သန်းဖြင့် ဧရာဝတီ တိုင်းဒေသကြီး၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဇူလိုင်လကုန်ထိ မြို့နယ် (၆)မြို့နယ်၊ သမဝါယမအသင်း (၆)သင်းမှ သမဝါယမအသင်းသား (၁၅၂)ဦး၏ စိုက်ဧက (၅၀၀)တွင် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရန် ငွေကျပ် သန်း (၁၀၀)နှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများ မတည်ပံ့ပိုးပေးခြင်း၊ မြို့နယ် (၈)မြို့နယ်ရှိ သမဝါယမအသင်း (၈)သင်းမှ သမဝါယမ အသင်းသား (၅၉)ဦးသို့ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် ငွေကျပ် (၁၄၁.၄၀)သန်း နှင့်ညီမျှသော ဝက်၊ နွား၊ ဆိတ်များ မတည်ပံ့ပိုးပေးခြင်းတို့ကို စုစုပေါင်းမြို့နယ် (၁၃)မြို့နယ်ရှိ သမဝါယမအသင်း (၁၄)သင်းမှ သမဝါယမအသင်းသား (၂၁၁)ဦးသို့ မတည်ငွေ ကျပ် (၂၄၁.၄၀)သန်းအား အသင်းသား (၁)ဦးချင်းထံသို့ လွှဲပြောင်း မတည်ပံ့ပိုး ပေးနိုင်ခဲ့ပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm