Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဌ) ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village Project) အကောင်အထည်ဖော် ဆောင်ရွက်မှု။

ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေ ခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ၊ အသင်း အဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍစသည့်ကဏ္ဍ (၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၄၀)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီရင်ခံသည့်ကာလ၌ ကျေးရွာရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm