ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်း၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ်စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးကဏ္ဍ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းကဏ္ဍ၊ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ စသည့်ကဏ္ဍ (၆)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တွင် ကျေးရွာ(၄၀)ရွာအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီရင်ခံသည့်ကာလတွင် ကျေးရွာရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။