Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဇ) ကျေးလက်ကုန်ထုတ်လမ်း/ တံတားလုပ်ငန်း

ကျေးလက်ကုန်ထုတ်လမ်းအတွက် မြေသားလမ်း၊ ရိဇာလမ်းနှင့် ဂျင်းလမ်း၊ ကျောက်ချော လမ်း၊ ကွန်ကရစ်လမ်း၊ ကျေးလက်ကုန်ထုတ်တံတားလုပ်ငန်းအတွက် ကွန်ကရစ်တံတား၊ သစ်သားတံတား ၊Culvert၊ ရေပြွန်၊ ရေကျော်တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခု၌ ကျေးလက်ကုန်ထုတ်လမ်း ၂၀၆/၁.၆၃၄ (မိုင်/ ဖာလုံ)၊ ကုန်ထုတ်တံတား/ ရေပြွန် (၃၈၃) စင်း ဆောင်ရွက်ရန်လျာထားခဲ့ပြီး အစီရင်ခံသည့်ကာလတွင် တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm