Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဎ) လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း ( Cash for Work ) အကောင်အထည်ဖော် ဆောင်ရွက်မှု

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work) စီမံကိန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မိုခါ မုန်တိုင်းသင့် မြို့နယ် (၁၀) မြို့နယ်ရှိ ကျေးရွာ (၁၀၀) ရွာတွင် တစ်ရွာလျှင် ကျပ်(၁၀) သန်းနှုန်းဖြင့် စီမံကိန်းလုပ်ငန်းခွဲ (၁၄၃)ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အစီရင်ခံသည့်ကာလ တွင် ဆောင်ရွက်ပြီးလုပ်ငန်း (၁၁၃)ခု၊ ဆောင်ရွက်ဆဲလုပ်ငန်း (၂၆)ခု၊ ဆောင်ရွက်ရန် ကျန်လုပ်ငန်း (၄)ခုဖြစ်ပြီး လုပ်ငန်းပြီးစီးမှုရာခိုင်နှုန်းမှာ (၉၂%)ဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ စီမံကိန်းလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားရန် ညွှန်ကြားထားသည့်အတွက် လုပ်ငန်းများကို ၂၂-၁၂-၂၀၂၃ ရက်မှစ၍ ခေတ္တဆိုင်းငံ့ထားပြီး ထုတ်ယူပေးချေရန် ကျန်ငွေကျပ် (၁၇၈.၆၈) သန်းအား ထုတ်ယူရန်နှင့် ဆောင်ရွက်နိုင်ခြင်းမရှိသော လုပ်ငန်းများအတွက် ငွေကျပ် (၉၂)သန်းနှင့် စီမံကိန်းအသိပညာပေးခြင်းအတွက် ငွေကျပ် (၂)သန်းအား အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေစာရင်းသို့ ပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm