Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) Seminar on “Research Methodology” သုတေသနနည်းစနစ်ဆိုင်ရာဆွေးနွေးပွဲကျင်းပခြင်း


26 Dec,2024

December, 26, 2024
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Seminar on “Research Methodology” သုတေသနနည်းစနစ်ဆိုင်ရာဆွေးနွေးပွဲကို ၂၆-၁၂-၂၀၂၄ (ကြာသပတေး)ရက် နေ့တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ သုတေသနနည်းစနစ်ဆိုင်ရာဆွေးနွေးပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ(ဌာနမှုး)များ၊ ဆွေးနွေးပို့ချပေးမည့် ဧည့်ပါမောက္ခဆရာမကြီး ဒေါက်တာဒေါ်ခင်မေသန်း၊ ပါမောက္ခ(ဌာနမှုး၊ ငြိမ်း)၊ စာရင်းအင်း ပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများ၊ အထူးပြုဘာသာရပ်ဌာနများမှ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ပါမောက္ခချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ကြိုစာတမ်းရေးသားပြုစု တင်သွင်းသည့်အခါ သုတေသန နည်းစနစ်မှန်ကန်စွာဖြင့် စနစ်တကျပြုစုနိုင်ကြရန်နှင့် စာတမ်းကြီးကြပ်သူဆရာ၊ ဆရာမများ အနေဖြင့်လည်း ကျောင်းသား၊ကျောင်းသူများ၏ သုတေသနစာတမ်းအသီးသီးကို စနစ်တကျ လေ့လာဆန်းစစ်ပြီး မှန်ကန်၊ ခိုင်လုံ၊ တိကျသည့် သုတေသနရလဒ်ကောင်းများ ရေးသားပြုစု နိုင်ရေး ကြီးကြပ်လမ်းညွှန်ပေးနိုင်ကြရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ သုတေသန (Research) သည် ယနေ့ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိက အရေးပါသော ကဏ္ဍမှပါဝင်လျက်ရှိကြောင်း၊ သုတေသနပြုလုပ်ထားခြင်းမရှိသည့် လုပ်ငန်းများသည် အောင်မြင်မှုရာခိုင်နှုန်း သေချာမှုမရှိနိုင်သလို လုပ်ငန်း၏ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နှောင့်နှေး နေမည်ဖြစ်ကြောင်း၊ သုတေသနရလဒ်များအရ ထုတ်ကုန်အသစ်များ ပေါ်ထွန်း လာခြင်း၊ အချက်အလက်အသစ်များ ရှာဖွေတွေ့ရှိခြင်း၊ အယူအဆအသစ်များ ဖြစ်ထွန်း လာစေခြင်း အစရှိသဖြင့် နယ်ပယ်ကဏ္ဍပေါင်းစုံမှာ အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေကြောင်း၊ ဤဆွေးနွေးပွဲမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသန နည်းစနစ်များနှင့် ပတ်သက်၍ အသိပညာဗဟုသုတများစွာ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သုတေသနနည်းစနစ်များနှင့်ပတ်သက်၍ မရှင်းလင်းသည့်အချက်များ၊ သိရှိလိုသည့် အကြောင်း အရာများကို မေးမြန်းကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆောင်ရွက်သည့် သုတေသနနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ရလဒ်များနှင့် လုပ်ဆောင်ချက်များကို မြှင့်တင်ရန်၊ စောင့်ကြည့်လေ့လာရန်နှင့် သုတေသန စံနှုန်းများကို မြှင့်တင်ရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။
သုတေသနနည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် ဆရာမကြီးဒေါက်တာဒေါ်ခင်မေသန်းမှ “Why We Need Research” ခေါင်းစဉ်ဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသနနှင့် ပတ်သက်သည့် အကြောင်းအရာ ဗဟုသုတများစွာကို ပြည့်ပြည့်စုံစုံ ဆွေးနွေးပို့ချပေးခဲ့ပြီး တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်