Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

22nd ICDEC International Joint Conference အခမ်းအနား စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ


09 Sep,2024

ကိုရီးယားသမ္မတနိုင်ငံ၊ Suncheon မြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သည့် 22nd ICDEC International Joint Conference သို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)မှ ပါ‌မောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့်အတူ ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါက်တာဥမ္မာစံတို့ တက်ရောက်ခဲ့ကြပါသည်။ 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဆရာမကြီး‌ဒေါက်တာမို့မိုရီနှင့်အတူ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်တို့၏ပါမောက္ခချုပ်များနှင့် NMDCမှ ကျောင်းအုပ်ကြီးတို့မှ welcome speech များ ပြောကြားခဲ့ကြပါသည်။

အဆိုပါ Conference တွင် (၂၈.၈.၂၀၂၄) ရက်နေ့၊ မွန်းလွဲ (၁း၃၀) အချိန်၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဒေါ်သဉ္ဇာချို၊ လက်ထောက်ကထိက၊ စာရင်းအင်းပညာဌာနမှ “Factors Affecting Risk Attitudes and Perceptions of Rice Growers” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ပွင့်ဖူး‌ဝေ၊ လက်ထောက်ကထိက၊ ဝါဏိဇ္ဇဗေဒဌာနမှ “Factors Influencing the Performance of Government Staffs in Sagaing Township” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းဖတ်ကြားခဲ့ပြီး သဘာပတိများအဖြစ် Prof. Joong-Kwan KIM (Dongguk U.)နှင့် Dr. Songsoo, Han (KOMYRA) တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။

The 22nd ICDEC (International Conference on Development and Regional Cooperation) ၏ Theme မှာ “ Exploring Educational Cooperation Measures for Sustainable Development” ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်